မန္တလေးငလျင်ကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုများအား ပေးလျော်ရမည့် ခန့်မှန်းလျော်ကြေးငွေကျပ် ၈၀ ဘီလီယံခန့်ရှိ

(ပြည်တွင်း) ဧပြီ ၁၂

မြန်မာ့အာမခံလုပ်ငန်းအနေက မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့ရာတွင် ပျက်စီးဆုံးရှုံးခဲ့မှုများအတွက် ပေးလျော် ရမည့် ခန့်မှန်းလျော်ကြေးငွေမှာ ငွေကျပ် ၈၀ ဘီလီယံခန့်ရှိကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရပါတယ်။

မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှုများအပေါ် မြန်မာ့အာမခံလုပ်ငန်းတွင် မီးနှင့်မြေငလျင်ဘေးဒဏ် အကာအကွယ်ဖြင့် အာမခံထားရှိမှုများမှာ မြန်မာ့အာမခံလုပ်ငန်းသို့ လျော်ကြေးတောင်းခံစာ လက်ရှိအစောင်ရေ ၁၅၈ စောင်ရှိနေပြီး ပေးလျော်ရမည့် ခန့်မှန်းလျော်ကြေးငွေကျပ် ၈၀ ဘီလီယံခန့်ရှိနေတာဖြစ်ပါတယ်။

ငလျင်ကြောင့် ထိခိုက်သူများကို ငလျင်အာမခံပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအာမခံအသင်းမှ ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

ထို့ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ငလျင်အန္တရာယ်အာမခံထားသူများအား ၎င်းတို့ ရယူထားသည့် ငလျင်အန္တရာယ်အာမခံနှင့်‌လျော်ညီသည့် လျော်ကြေးများကို အမြန်ဆောင်ရွက်နိုင်ရန် “မြန်မာနိုင်ငံ အာမခံအသင်း” ရဲ့ အသင်းဝင် အာမခံကုမ္ပဏီများက ကြိုးပမ်းလျက်ရှိကြောင်း အသိပေးထားရှိကြောင်း သိရပါတယ်။

#PAN