(ပြည်တွင်း) ဧပြီ ၁၂

အင်အားပြင်းထန်စွာလှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင် ဘေးသင့်သူများအတွက် သီရိလင်္ကာနိုင်ငံအစိုးရမှ အမေရိကန်ဒေါ်လာတစ်သန်းအား ဧပြီလ ၁၀ ရက်က သီရိလင်္ကာနိုင်ငံ၊ သမ္မတရုံး၌ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
အလှူငွေ အမေရိကန်ဒေါ်လာတစ်သန်းလှူဒါန်းကြောင်း အထိမ်းအမှတ်(A Symbolic Plaque)ကို သီရိလင်္ကာနိုင်ငံသမ္မတကိုယ်စား သမ္မတ၏အတွင်းရေးမှူး Dr. Nandika Sanath Kumanayake က မြန်မာသံအမတ်ကြီး ဒေါ်မာလာသန်းထိုက် ထံပေးအပ်ရာ မြန်မာသံအမတ်ကြီးက လက်ခံရယူ၍ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရပါတယ်။
အဆိုပါအလှူငွေများအား ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံရုံးက မြန်မာနိုင်ငံသဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews