(မှုခင်း) ဧပြီ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်ခမောက်ကြီးမြို့ ၊ ဖော့သုတ်ကျေးရွာ၊ အေးချမ်းသာကျေးရွာများသို့ နယ်မြေကင်းလှည့်ပြီးပြန်လာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက် PDF အဖွဲ့မှ စောင့်ကြိုပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ နေ့လည် ၂ နာရီအချိန်ခန့်က မာရမ်းရဲစခန်းမှ စခန်းမှူးပါ ၄ ဦးသည် လက်နက်/ခဲယမ်းများနှင့်အတူ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့ ၊ ဖော့သုတ်ကျေးရွာ၊ အေးချမ်းသာကျေးရွာ များသို့ နယ်မြေလှည့်ကင်းဆောင်ရွက်ပြီး မာရမ်းရဲစခန်းသို့ပြန်လာစဉ် ဖော့သုတ်ကျေးရွာ၊ သင်္ချိုင်းအနီးအရောက် အကြမ်းဖက် PDF မှ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ရာ မာရမ်း ရဲစခန်းမှ စခန်းမှူးးအပါဝင် ပေါင်း ၃ ဦးကျဆုံးသွားခဲ့ပြီး၊ တပ်ဖွဲ့ဝင် ၁ ဦးမှာ ယာဒူးဆစ်ဖောက်ဝင်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဒဏ်ရာရလူနာနှင့် ကျဆုံးရဲတပ်ဖွဲဝင်များအား ကော့သောင်းမြို့ ၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း၊ အခင်းဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပိတ်ဆို့ရှင်းလင်းရေး
ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews