ငလျင်ကယ်ဆယ်ရေး ဆောင်ရွက်နေသူများကို မေးခိုင်ကာကွယ်ဆေးထိုးနှံပေး


(ပြည်တွင်း) ဧပြီ ၁၀

ငလျင်ကယ်ဆယ်ရေး ဆောင်ရွက်နေသူများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မေးခိုင်ကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။

ငလျင်ကယ်ဆယ်ရေးဆောင်ရွက်နေကြတဲ့ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များကို ထိုးနှံပေးနေခြင်းဖြစ်ပါတယ်။

မေးခိုင်ကာကွယ်ဆေးထိုးနှံပေးရာမှာ ဧပြီလ ၈ ရက်က ညောင်ရွှေမြို့နယ်၊ အင်းလေး ဒေသမှာ ငလျင်ဘေးသင့်ပြည်သူများကို ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်နေသော တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များကို မေးခိုင်ကာ ကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း အသိပေးထားပါတယ်။

ဒါ့အပြင် မန္တလေးတိုင်း‌ဒေသကြီး၊ တံတားဦးမြို့နယ်ရှိ ငလျင်ဘေးသင့်ပြည်သူများအားကိုလည်း တံတားဦး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့နှင့် လပွတ္တာအရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေးအဖွဲ့တို့ ပူးပေါင်း၍ ဘေးလုံကျောင်း၊ ဥတည်ရွာ၊ ဈေးချိုရပ်၊ စကားအင်းရွာတို့မှ ငလျင်ဘေးသင့်သူ စုစုပေါင်း ၃,၆၅၀ ဦးအား မေးခိုင်ကာကွယ်ဆေး ထိုးနှံခြင်းနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN