ပုလောက ကျေးရွာအုပ်ချုပ်ရေးမှူးကို PDF က ပစ်ခတ်သတ်ဖြတ်

(မှုခင်း) ဧပြီ ၁

နိုင်ငံအဝှမ်း ငလျင်ကြောင့်ပူဆွေးဒုက္ခရောက်ရှိနေချိန်မှာ တနင်္သာရီတိုင်းထဲက PDF တွေဟာ ပစ်ခတ်သတ်ဖြတ်မှုတွေကို ပြုလုပ်နေပါတယ်။

တနင်္သါရီတိုင်းဒသကြီး လောမြို့၊ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်တွေက မတ်လ ၃၁ ရက်နေ့ နံနက် ၁၁ နာရီခွဲချိန်မှာလာရောက်ပစ်ခတ်သွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ပုလောမြို့၊ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်း (၆၀)နှစ်၊ (ဘ)ဦးဖပု ဟာ ရွှေဟင်္သာလမ်း၊ အမှတ်(၄)ရပ်ကွက်မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာထောက်ခံစာရေးနေစဥ် PDF အကြမ်းဖက်သမား ၂ ဦးက နေအိမ်ကိုရောက်ရှိလာပြီး ပစ္စတိုသေနတ်နဲ့ပစ်ခတ်သတ်ဖြတ်သွားတာဖြစ်တယ်လို့ သိရပါတယ်။

PDF တွေရဲ့ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် ဦးခင်မောင်ဝင်းရဲ့ ယာနားထင် ဖောက်ဝင်/ဖောက်ထွက် ဒဏ်ရာ(၅)ချက်၊ ဝဲနားထင် ဖောက်ဝင်/ဖောက်ထွက်ဒဏ်ရာ(၅)ချက်ရရှိခဲ့ပြီး နေရာမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

#PAN #PDF #ပုလော #ပစ်ခတ်သတ်ဖြတ်ခံရ