(မှုခင်း) ဧပြီ ၁
နိုင်ငံအဝှမ်းမှာ ပြည်သူတွေ အင်အားပြင်းငလျင်ဒဏ်ခံစားနေရချိန်မှာ PDF အကြမ်းဖက်တွေရဲ့သတ်ဖြတ်မှုကိုလည်း ပြည်သူတွေခံစားနေရဆဲဖြစ်ပါတယ်။

မွန်ပြည်နယ် ၊ကျိုက်ထိုမြို့နယ်မှာ မတ်လ ၃၁ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့်မှာ အမျိုးသား ၁ ဦးကို လက်နက်ကိုင်အကြမ်းဖက်တွေဖြစ်တဲ့ KNU/PDF အဖွဲ့တွေက လာရောက် ပစ်သတ်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရသိရပါတယ်။

ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းကျေးရွာ၊ အောက်စုပိုင်းမှာနေတဲ့ ကိုလင်း (ခ) အညာသား ကို မုပ္ပလင်ကျေးရွာက Puma စက်သုံးဆီအရောင်းဆိုင်အနီးမှာအကြမ်းဖက်သောင်းကျန်းသူ KNU/PDF အဖွဲ့က လာရောက်ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့လည်း ပြောပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး နယ်မြေခံလုံခြုံရေးအဖွဲ့တွေက တရားခံကို ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Telegram Join ရန် – t.me/positiveanglenews