(နိုင်ငံတကာ) မတ် ၁၇
လူ ၆၀ နီးပါး သေဆုံးခဲ့သည့် မြောက်မက်ဆီဒိုးနီးယား နိုက်ကလပ်မီးလောင်မှု နောက်ဆက်တွဲ လူ ၁၅ ဦးဖမ်းဆီးခံရကြောင်းသိရသည်။

အဆိုပါ မီးလောင်မှုအား မြောက်မက်ဆီဒိုနီးယား ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် ကိုင်တွယ်နေပြီး မီးလောင်မှုနောက်ဆက်တွယ်အဖြစ် လာဘ်ပေးလာဘ်ယူမှုနှင့် အကျင့်ပျက်ခြစားမှုများ သံသယဖြစ်ဖွယ်တွေရကြောင်း ၎င်းကဆိုသည်။

မြောက်မက်ဆီဒိုးနီးယားမြို့တော်နှင့် မိုင် ၆၀ ခန့်အကွာတွင် ဖွင့်လှစ်ထားသော အဆိုပါ နိုက်ကလပ်သည် တရားဝင်ဖွင့်လှစ်ခွင့်လိုင်စင်မရှိပဲ ယခင်က ကောဇောထုပ်လုပ်သည့်ဂိုဒေါင်ဖြစ်ကြောင်းဒေသတွင်း သတင်းဌာနများကဆိုသည်။
နိုက်ကလပ် ပြုလုပ်ထားသည့် အဆောက်အဦးဟောင်းမှာ ဝင်ပေါက် ထွက်ပေါက်တစ်ခုသာရှိသောကြောင့် လူပေါင်း ၅၀၀ ကျော် ပိတ်မိခဲ့ပြီး ၅၉ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။