(မှုခင်း) မတ် ၁၇
ရှမ်းပြည်နယ် တောင်ပိုင်း နမ့်စန်မြို့ မြို့မစျေးမှာ ဒီနေ့ မတ်လ ၁၇ ၇ကျ ၁၀ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့ ၊ အမှတ် (၅) ရပ်ကွက်ရှိ နမ့်စန်မြို့မဈေးမီးလောင်မှုဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့များ ဒေသခံအဖွဲ့အစည်းများ ဒေသခံပြည်သူများ၊ ဈေးသူဈေးသားများ၊ စုစုပေါင်း ၁၀၀ ဦးခန့်နှင့် မီးသတ်ယာဉ် ၄ စီး၊ အရပ်ဘက်ရေသယ်ယာဉ် ၁၀ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၁၁ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။

မီးဘေးကယ်ဆယ်ရေး မီးငြိမ်းသတ်သည့် လုံခြုံရေးတပ်ဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့ဝင်များအား နမ့်စန်ခရိုင်ပြည်ခိုင်ဖြိုးပါတီ ထမင်းထုတ်များ ပေးဝေခဲ့သည်ဟုသိရသည်။

PAN #နမ့်စန်မြို့မစျေး #မီးလောင်မှုဖြစ်
