မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်နေသည့် တရုတ်နိုင်ငံသား ၄ ဦး ဖမ်းဆီးရမိ

(မှုခင်း) ဇွန် ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်နေသည့် တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၄ ဦးကို ဖုန်းမျိုးစုံ ၃၄ လုံး၊ All In One ကွန်ပျူတာ ၈ လုံးနှင့် အင်ဗာတာ ၁ လုံးတို့နှင့်အတူ ယဇွန်လ ၂၄ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများသည် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ လက်ရှိတွင် လိုအပ်သည့် စစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ တရားမဝင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများနှင့် ပတ်သက်၍ ဖမ်းဆီးရမိသူများအား စစ်ဆေးမှုများပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး၊ သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#PAN