(နိုင်ငံတကာ) မတ် ၁၇
ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးကို နိူင်ငံတကာရာဇဝတ်ခုံရုံး ICC ဖမ်းဆီးမှုတွင် လက်ရှိအစိုးရ အနေဖြင့် ကြိုတင်သိရှိထားပြီး ညှိုနှိုင်းဆောင်ရွက်တောင်းဆိုထားမှုများ ရှိကြောင်း ICCမှထုတ်ပြန် သည့်စာရွက်စာတမ်းများတွင်ဖေါ်ပြထားသည်။
အဆိုပါ စာရွက်စာတမ်းများတွင် ဖိလစ်ပိုင်အာဏာပိုင်များနှင့် နိုင်ငံတကာအေဂျင်စီများအကြား ကြိုတင်ညှိနှိုင်းမှုများ အသေးစိတ်ဖော်ပြထားပြီး အစိုးရအနေဖြင့် ဖမ်းဆီးရန်တောင်းဆိုမှုကို အကြောင်းကြားရုံသာမက လိုက်နာရန်လည်း သဘောတူထားကြောင်း ဖော်ပြသည်။
ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးသည် ပြီးခဲ့သည့် အင်္ဂါနေ့က ဟောင်ကောင်မှ ရောက်ရှိလာပြီး မကြာမီ နာရီပိုင်းအကြာတွင် The Hague ရှိ နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) ဌာနချုပ်သို့ လေယာဉ်ဖြင့် ပို့ဆောင်ခဲ့ပြီး ၎င်း၏ သမ္မတသက်တမ်းအတွင်း မူးယစ်ဆေးဝါး စစ်ပွဲနှင့် ဆက်နွှယ်သည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် ဆက်နွှယ်မှု စွပ်စွဲချက်ဖြင့် တရားရင်ဆိုင်နေရသည်။ဖိလစ်ပိုင်လက်ရှိအစိုးရဘက်မှ ဖမ်းဝရမ်းကို ကြိုတင်သိရှိထားခြင်းမရှိကြောင်း တာဝန်ရှိသူများက ငြင်းဆိုထားသည်။
ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို ICC မှဖမ်းဆီခဲ့သည့်အတွက် ဖိလစ်ပိုင်နိုင်ငံအနှံ့အပြားတွင် ပြည်သူများမှ လက်ရှိအာဏာပိုင်ဖိလစ်ပိုင် အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပေါ်နေသည်။
#PAN

