(အားကစား) မတ်လ ၁

အင်တာမီလန်အသင်းက မန်ချက်စတာယူနိုက်တက်အသင်း ကွင်းလယ်ကစားသမား မေဆန်မောင့် အား ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရပါတယ်။
အသက် ၂၆ နှစ်အရွယ် ကွင်းလယ်ကစားသမား မေဆန်မောင့် ဟာ မန်ယူအသင်းနှင့်အတူ ၂၀၂၃-၂ဝ၂၄ ဘောလုံးရာသီမှ လက်ရှိဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၃၃ ပွဲ ကစားပြီး တစ်ဂိုးသာသွင်းယူထားနိုင်တာ ဖြစ်ပါတယ်။
မေဆန်မောင့် ကိုယ်တိုင်ကလည်း မန်ယူအသင်းနဲ့ အဆင်မပြေဖြစ်နေလို့ အသင်းမှ ထွက်ခွာလိုနေတာဖြစ်ပါတယ်။
ဒါကြောင့် အင်တာမီလန်သင်းအနေနဲ့ လာမည့်နွေရာသီ ဈေးကွက်အတွင်း မေဆန်မောင့် အား ခေါ်ယူရန် ကြိုးပမ်းသွားဖွယ်ရှိနေပါတယ်။
Telegram»…
https://t.me/positiveanglenews