စာချုပ်ကုန်ဆုံးချိန်အထိ မန်ယူအသင်းတွင် ရှိနေလိုတယ်လို့ ပြောတဲ့ ကက်စမဲရိုး


(အားကစား) မတ်လ ၁

မန်ယူဝါရင့်ကွင်းလယ်ကစားသမား ကက်စမဲရိုး က စာချုပ်သက်တမ်းကုန်ဆုံးသည်အထိ မန်ယူအသင်း၌ ဆက်နေလိုကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမား ကက်စမဲရိုး ဟာ ၂၀၂၂ နွေရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းမှ မန်ယူအသင်းထံသို့ အပိုဆုကြေးအပါအဝင် ပေါင်သန်း ၇၀ ဖြင့် ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

၎င်းအနေနဲ့ မန်ယူအသင်းအတွက် ပွဲဦးထွက်ရာသီမှာ ခြေစွမ်းပြနိုင်ခဲ့သော်လည်း ပြီးခဲ့သည့်ရာသီမှစတင်ကာ ခြေစွမ်းမပြနိုင်ခဲ့လို့ အသင်းပရိသတ်များရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်ခဲ့ရသူတာ ဖြစ်ပါတယ်။

မန်ယူအသင်းအနေနဲ့ စာချုပ်သက်တမ်းက ၂၀၂၆ ခုနှစ်အထိရှိနေတာဖြစ်ပြီး မြင့်မားတဲ့လစာငွေကြောင့် မန်ယူအသင်းက ကက်စမဲရိုး ကို ရောင်းထုတ်ရန် ဆန္ဒရှိနေကြောင်း သိရပါတယ်။

ကက်စမဲရိုး က အသင်းအပေါ် လေးစားမှုအပြည့်ရှိကာ လက်ရှိအသင်းမှာ ပျော်ရွှင်နေပြီး ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်အထိ မန်ယူအသင်းမှာ ဆက်ကစား သွားလိုကြောင်း ပြောကြားခဲ့ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN