(အားကစား) မတ်လ ၁

လီဗာပူးအသင်းက လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းတိုက်စစ်ပိုင်းမှ ဒါဝင်နူနက် ကိုရောင်းချပြီး ဘရိုက်တန်အသင်းနှင့် အကောင်းဆုံး ခြေစွမ်းကို ပြသလျက်ရှိနေတဲ့ ဂျာအိုပက်ဒရို နဲ့ အစားထိုးရန် ပြင်ဆင်နေကြောင်း သိရပါတယ်။
ဒါဝင်နူနက် ဟာ ဘင်ဖီကာအသင်းမှာ ကစားခဲ့စဉ်က ထိပ်တန်းအဆင့်ရှိ ခြေစွမ်းကို ပြသနိုင်ခဲ့သော်လည်း ၂၀၂၂ ခုနှစ်က လီဗာပူးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီးနောက် ခြေစွမ်းပြသနိုင်ရန် ရုန်းကန်နေရပြီး အပိုင်ဂိုးသွင်းခွင့်များ အကြိမ်ကြိမ် လွဲချော်နေခဲ့လို့ ဝေဖန်မှုများနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
ယခုနှစ်ဘောလုံးရာသီတွင်လည်း နည်းပြအာနီ စလော့ လက်အောက်တွင် ခြေစွမ်းပြသနိုင်ရန် ရုန်းကန်နေရလို့ ပြီးခဲ့သည့်ဇန်နဝါရီ ကစားသမားအပြောင်းအရွှေ့ကာလမှာ လီဗာပူးအသင်းက ဒါဝင်နူနက် ကို ရောင်းချရန် ကြိုးပမ်းခဲ့ သော်လည်း မအောင်မြင်ခဲ့ဘဲ လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အရောင်းစာရင်း တင်သွင်းရန် စီစဉ်နေတာဖြစ်ပါတယ်။
ဒါဝင်နူနက် ရဲ့နေရာမှာ ဘရိုက်တန်အသင်းနဲ့အတူ ခြေစွမ်းကောင်းတွေကို ပြသလျက်ရှိတဲ့ အသက် ၂၃ နှစ်ရှိ တိုက်စစ်ကစားသမား ဂျာအိုပက်ဒရို နဲ့ အစားထိုးနိုင်ရေး ကြိုးပမ်းလျက်ရှိနေပါတယ်။
ဂျာအိုပက်ဒရို ဟာ တိုက်စစ်ပိုင်းမှာ အကောင်းဆုံးကစားနိုင်သူဖြစ်လို့ ပရီးမီးယားလိဂ်အသင်းကြီးများက လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ ကာလတွင် ခေါ်ယူရန်ပစ်မှတ်ထားခြင်းခံနေရပြီး လီဗာပူးအသင်းကလည်းခေါ်ယူရန် ပြင်ဆင်လျက်ရှိနေကာ ဘရိုက်တန် အသင်းက ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၆၀ ရရှိမှ ရောင်းချသွားဖွယ် ရှိနေကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews