(စီးပွားရေး) ဖေဖော်ဝါရီ ၁၃

ဖေဖော်ဝါရီလ ၁ ရက်မှစတင်ကာ ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်နဲ့ မြန်မာ့ပြောင်းများ စတင်တင်ပို့နေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ သိရပါတယ်။
ထိုင်းနိုင်ငံသို့ မြန်မာ့ပြောင်း တင်ပို့ရာမှာ ဖေဖော်ဝါရီလ ၁ ရက်မှ စတင်ကာ ဩဂုတ်လကုန်အထိ ၇ လ ကာလ အတွင်း အခွန်ကင်းလွတ်ခွင့်ပေးထားကြောင်း သိရပါတယ်။
ယခုနှစ်မှာ ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့ သွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံပြီးမှ တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများသို့ တင်ပို့သွားမည်ဖြစ်ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံက ယခင် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်းမှာ ပြောင်းတန်ချိန် ၁ ဒသမ ၁၁ သန်း တင်ပို့နိုင်ခဲ့ပြီး ယခု ၂၀၂၄-၂၅ ဘဏ္ဍာနှစ်ရဲ့ ဧပြီလမှ နိုဝင်ဘာလအတွင်းမှာ ပြောင်းတန်ချိန် ၁ ဒသမ ၈၈ သန်း တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၄၄၇ သန်း တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံက ပြောင်းတင်ပို့မှုကို နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းအစား ရေကြောင်းကုန်သွယ်မှု ဆိပ်ကမ်းများဖြစ်တဲ့ အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာဆိပ်ကမ်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၊ ဆူးလေဆိပ်ကမ်း၊ ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း၊ သီလဝါဆိပ်ကမ်း၊ ရွှေမဲဆိပ်ကမ်းနှင့် မင်းထက်မင်းဆိပ်ကမ်း တို့မှ အဓိကတင်ပို့လျက်ရှိကြောင်း သိရပါတယ်။
ဒါ့အပြင် ကော့သောင်းဆိပ်ကမ်းမှတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းသို့ ပင်လယ်ရေကြောင်းလမ်းနဲ့ တင်ပို့နေ တဲ့အပြင် ကုန်းတွင်းနယ်စပ် တာချီလိတ်မှတစ်ဆင့်လည်း တင်ပို့လျက်ရှိကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews