အများပြည်သူသွား ကားလမ်းပေါ် မိုင်းထောင်နေသော အကြမ်းဖက် PDF အဖွဲ့အားပစ်ခတ်ဖမ်းဆီး


(ပြည်တွင်း) ဖေဖော်ဝါရီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-မုံရွာသွားကားလမ်း နုံးတွင်းရွာအနီးတွင် ဖေဖော်ဝါရီ ၁၂ ရက် နေ့လည် ၁ နာရီခန့်က နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော တပ်မတော်လုံခြုံရေးအဖွဲ့များနှင့် အကြမ်းဖက် PDF အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော တပ်မတော်လုံခြုံရေးအဖွဲ့များသည် စစ်ကိုင်း-မုံရွာသွားကားလမ်း နုံးတွင်းရွာအနီးရောက်ရှိစဉ် မိုင်းထောင်နေသော အကြမ်းဖက် PDF အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲမှ လက်လုပ်မိုင်းမျိုးစုံ ၈ လုံး၊ ကျည်အိမ် ၁ ခု၊ ပြောက်ကျားဦးထုပ် ၁ လုံး၊ ဝါယာကြိုး ၅၀ ပေခန့် ၃ ခွေ၊ ဆားကစ်ပြား ၈ ခုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN