(ပြည်တွင်း) ဖေဖော်ဝါရီ ၁၁

မြန်မာ့ရိုးရာ သနပ်ခါးကို ယူနက်စကိုရဲ့ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းတင်သွင်းနိုင်ဖို့အတွက် လူတန်းစားမရွေး ပါဝင်နိုင်တဲ့ သဘောထားစစ်တမ်းကို စတင်ကောက်ယူနေ ပြီဖြစ်တယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနကနေ သိရပါတယ်။
မြန်မာ့ရိုးရာသနပ်ခါးကို ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များစာရင်းမှာ အမည်စာရင်း တင်သွင်းမဲ့ ကိစ္စနဲ့ပတ်သက်လို့ သဘောထားမှတ်ချက်စစ်တမ်း ပြုလုပ်နေတာ ဖြစ်ပါတယ်။
အဲဒီစစ်တမ်းမှာ အမည်၊ အသက်၊ နေရပ်၊ ပညာအရည်အချင်း၊ အလုပ်အကိုင်၊ မြန်မာ့သနပ်ခါးကို UNESCO ရဲ့ အမည်စာရင်း တင်သွင်းမယ့်ကိစ္စ သဘောတူ၊ မတူ စတဲ့ အချက်တွေနဲ့ မိမိကိုယ်တိုင် သနပ်ခါးကို ဘယ်လို ပုံစံမျိုး သုံးစွဲနေလဲဆိုတဲ့ အချက်တွေကို ဖြည့်ရေးပေးဖို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ်က ပထမဆုံးအကြိမ်အဖြစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ဟာ ယူနက်စကို ဝင်နိုင်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် မြန်မာ့ရိုးရာသနပ်ခါး လိမ်းခြယ်တဲ့ဓလေ့ကို အခုနှစ်မတ်လမှာ တင်သွင်းမှာ ဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews