အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု သမ္မတထရမ့်ကို တွေ့ဆုံရန် ဝါရှင်တန်သို့ရောက်ရှိ


(နိုင်ငံတကာ) ဖေဖော်ဝါရီ ၃

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အားတွေ့ဆုံရန် အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု ဝါရှင်တန်ဒီစီသို့ရောက်ရှိနေကြောင်းသိရသည်။

ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု သက်တမ်းတိုးရေး ဆွေးနွေးပွဲ ပြန်လည်စတင်မည့် နောက်ဆုံးရက်တွင် ဝါရှင်တန်သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

အစ္စရေးအစိုးရသည် အဆိုပါ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု သက်တမ်းတိုးရေး ဆွေးနွေးပွဲသို့ ကိုယ်စားလှယ်စေလွှတ်ခြင်း မရှိသေးပဲ ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး လူသိရှင်ကြား ထုတ်ပြောခြင်းမရှိကြောင်းသိရသည်။

အဆိုပါ ဆွေးနွေးပွဲသည် ယနေ့ တနင်္လာနေ့ထက် နောက်မကျပဲ ကျင်းပရန် စီစဉ်ထားသော်လည်း ကြားခံအဖြစ် ဆောင်ရွက်သည့် ကာတာဝန်ကြီးချုပ်လည်း ဆွေးနွေးပွဲ မည်သည့်ရက်တွင် ကျင်းပနည်ကို ရှင်းရှင်းလင်းလင်းထုတ်ဖော်ပြောဆိုခြင်းမရှိကြောင်း ဒေသတွင်းမီဒီယာများကဖော်ပြလျက်ရှိသည်။

နေတန်ရာဟုသည် သမ္မတထရမ့်နှင့် နီးကပ်သည့် ဆက်ဆံရေးရလိုပြီး နှစ်နိုင်ငံခေါင်းဆောင်များတွေ့ဆုံမှုတွင် မည်သည့်အကြောင်းအရာကို ဦးတည်ဆွေးနွေးမည်ကို တိကျသည့် ထုတ်ပြန်ချက်မရှိကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN