ပနားမားတူးမြောင်းအား တရုတ်၏ လွှမ်းမိုးမှုလျှော့ရန် အမေရိကန်တောင်းဆို


(နိုင်ငံတကာ) ဖေဖော်ဝါရီ ၃

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရိုဘီယိုသည် ပနားမားတူးမြောင်းအရေးဆွေးနွေးရန် ပနားမားနိုင်ငံသို့ရောက်ရှိနေကြောင်းသိရသည်။

မာကိုရိုဘီယိုသည် ပနားမားသမ္မတ မူလီနိုနှင့်တွေ့ဆုံဆွေးနွေးကာ ပနားမားတူးမြောင်းအား တရုတ်ထိန်းချုပ်လွှမ်းမိုးမှု လျှော့ချရန်တောင်းဆိုခဲ့ကြောင်းသိရသည်။

သမ္မတဒေါ်နယ်ထရမ့်၏ ရွေးကောက်ပွဲကတိကဝတ်တစ်ခုဖြစ်သည့် ပနားမားတူးမြောင်းအား အမေရိကန်ပိုင်အဖြစ် သိမ်းယူရေး လုပ်ငန်းစဉ်သည် တရုတ်ထိန်းချုပ်မှု လျှော့ချရန် ဆွေးနွေးမှုဖြင့် အဆုံးသတ်ခဲ့ကြောင်း အနောက်နိုင်ငံမီဒီယာများက ဖော်ပြလျက်ရှိသည်။

နှစ်နာရီကြာ တွေ့ဆုံဆွေးနွေးမှုတွင် အမေရိကန်ဘက်မှ သိသာသည့် ဖိအားပေးမှုမျိုးမရှိပဲသမ္မတထရမ့်၏ စိုးရိမ်ပူပန်မှုအားဖြေရှင်းရန် အမေရိကန်နှင့် နည်းပညာဆိုင်ရာ အဆိုပြုချက်များအား ဆွေးနွေးခဲ့ကြောင်းသိရသည်။

မာကိုရိုဘီယို၏ ပနားမားခရီးစဉ်တွင် ဒေသခံအချို့မှ ကန့်ကွက်ဆန္ဒပြခဲ့ပြီး ပနားမားသည် ရောင်းကုန်မဟုတ်ကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

Telegram»…
https://t.me/positiveanglenews

PAN