ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ် ကျိုက်မရောနဲ့မုဒုံမြို့တို့ကိုဆက်သွယ်သွားလာသည့် ချောင်းနှစ်ခွတံတား လုံခြုံရေးစခန်းကို အကြမ်း ဖက်သောင်းကျန်းသူများက သာလွန်အင်အားဖြင့် လာရောက်တိုက်ခိုက်

နိုဝင်ဘာ ၁၀

     ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန် ပြည်နယ် ကျိုက်မရောနှင့် မုဒုံမြို့တို့ကိုဆက်သွယ်သွားလာသည့် ချောင်းနှစ်ခွတံတားတွင် လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ကို အကြမ်းဖက်သောင်းကျန်းသူများက ယနေ့ နံနက်ပိုင်းတွင် လာရောက်တိုက်ခိုက်ကြောင်း သိရပါသည်။

       ယနေ့ နံနက် ၇ နာရီ ၁၀ မိနစ်အချိန်ခန့်တွင်  အကြမ်းဖက်သောင်းကျန်းသူများဖြစ်သော အယ်စေး၀ါးဦးဆောင်သော Lion Battalion စစ် ကြောင်းနှင့် စောတာဘော ဦးဆောင်သော ကော်ပရာစစ်ကြောင်းတို့မှ ပူးပေါင်းအင်အား ၃၀၀ ခန့်သည် ကား ၄၆ စီးဖြင့် ချောင်းနှစ်ခွတံတားအနီး ရောက်ရှိလာပြီး တံတားလုံခြုံရေးအဖွဲ့ကို သာလွန်အင်အားဖြင့် လာရောက်တိုက်ခိုက်ခဲ့ပါသည်။

     နံနက် ၈ နာရီအချိန်ခန့်တွင် သောင်းကျန်းသူများ သည် အဆိုပါ တံတားလုံခြုံရေးစခန်း နေရာသို့ Drone များဖြင့် Drop Bomb များ ပစ်ချ၍ စတင်တိုက်ခိုက်လာခဲ့ပါသည်။ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် တပ်မတော်မှ Mi 35 ၁ စီးဖြင့် လေကြောင်းပစ်ကူပေး ပစ်ခတ်ခဲ့ကြောင်း သိရှိရပါသည်။

       လက်ရှိ ယခုသတင်းရရှိချိန်အထိ အကြမ်းဖက်သောင်းကျန်းသူများမှာ ပြန်လည်ဆုတ်ခွာသွားခြင်း မရှိဘဲ စစ်ကူအင်အား ၁၀၀ခန့်ထပ်မံရောက်ရှိလာကြောင်း၊ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ချောင်းနှစ်ခွတံတားကို ဖောက်ခွဲဖျက်ဆီးရန်ဖြစ်ကြောင်း သိရပါသည်။

#PAN