အစ္စရေး – ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ စစ်ပွဲ ၃၄ ရက်မြောက် နောက်းဆုံးရ ဆက်စပ်သတင်းများ

နိုဝင်ဘာ ၉

■    အစ္စရေးတပ်ဖွဲ့များသည် ဂါဇာမြို့တော်သို့ ပိုမိုနက်ရှိုင်းစွာ ဆက်လက်တွန်းအားပေးနေသကဲ့သို့ IDF နှင့် ဟားမတ်စ်တို့သည် ဂျာဘာလီယာဒုက္ခသည်စခန်းအပါအဝင် ပြင်းထန်သောပစ်ခတ်မှုများ ထိတွေ့တိုက် ပွဲဖြစ်ပွားလျက်ရှိသည်။  ဟားမတ်စ်၏ ဥမင်လိုဏ် ခေါင်းများ၊ ဒရုန်းနှင့် လက်နက်များထုတ် လုပ်သည့်နေရာနှင့် တင့်ကားဖျက်ဒုံးကျည်ပစ်လွှတ်သည့်နေရာများကို ဖျက်ဆီးလိုက်ကြောင်း IDF က ပြောသည်။

■     Ismail Haniyeh နှင့် Khaled Mashal တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အီဂျစ်သို့ သွား ရောက်သည်။  ဂါဇာကမ်းမြောင်မှ ပါလက်စတိုင်းများကို ရွှေ့ပြောင်းရန် ကြိုးပမ်းမှုမှန်သမျှကို ပယ်ချကြောင်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

■    အစ္စရေး၏ Mossad အကြီးအကဲသည် ဒိုဟာမြို့သို့ သွားရောက်ခဲ့ပြီး ကာတာနိုင်ငံ၏ ဓားစာခံ သဘောတူညီချက်၏ ကန့်သတ်ချက်များနှင့် ဂါဇာတွင် တိုက်ပွဲများခေတ္တရပ်ခြင်းတို့ကို ဆွေးနွေးရန် စီအိုင်အေ အကြီးအကဲ ဝီလျံဘန်းနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုက Reuters သို့ ပြောကြားခဲ့သည်။

■    အစ္စရေးနိုင်ငံသည် ဂါဇာမြောက်ပိုင်းတွင် လေးနာရီကြာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခေတ္တရပ်နားမှုများကို တစ်ရက်လျှင် သုံးနာရီကြို တင်သတိပေးချက်ထုတ်ပြန်ရန် သဘောတူညီခဲ့ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ John Kirby က ပြောကြားခဲ့သည်။

■    ဂါဇာကမ်းမြောင်ဒေသတွင် အလုံးစုံအပစ်အခတ်ရပ်စဲရေး “ဖြစ်နိုင်ချေမရှိ” ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။

■    ပါလက်စတိုင်းအစ္စလာမ္မစ်ဂျီဟတ်မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြောင်းပြချက်ဖြင့် ဓားစာခံနှစ်ဦးကို လွှတ်ပေးရန် ပြင်ဆင်ထားကြောင်း၊ ထို့နောက် ဂါဇာတွင် ထိန်းသိမ်းခြင်းခံထားရသည့် အစ္စရေးနှစ်ဦး၊ ယောက်ျားလေးတစ်ဦးနှင့် သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးတို့က ဖမ်းဆီးထားသူများကို ချီးမွမ်းကာ ဝန်ကြီးချုပ် နေတန်ယာဟုအား ပြစ်တင်ဝေဖန်သည့် ဗီဒီယိုကို ထုတ်ပြန်ခဲ့သည်။

■    စစ်ပွဲစတင်ကတည်းက ယခုအချိန်အထိ သေ ဆုံးသူ အရပ်သား ၈၄၅ ဦး (စစ်သားမပါဝင်)ကို ဖော်ထုတ်ထားကြောင်း အစ္စရေးရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။  အောက်တိုဘာ ၇ ရက်ကတည်းက ပျောက်ဆုံးနေတယ်လို့ ယူဆရတဲ့ ကွင်းဆင်းလေ့လာသူ Roni Eshel ရဲ့ ရုပ်အလောင်းကို ဖော် ထုတ်တွေ့ရှိခဲ့ကြောင်း IDF က အတည်ပြုခဲ့ပါတယ်။

■    စစ်ပွဲစတင်ကတည်းက ကလေး ၄,၄၁၂ ဦး အပါ အဝင် ပါလက်စတိုင်း အနည်းဆုံး ၁၀,၈၁၂ ဦး သေဆုံးခဲ့ကြောင်း ဟားမတ်စ်အဖွဲ့မှ ဂါဇာကျန်းမာရေးဝန်ကြီး ဌာနက အစီရင်ခံတင်ပြသည်။

■    ပါလက်စတိုင်းဝန်ကြီးချုပ် Mohammad Shtayyeh က ဟားမတ်စ်အဖွဲ့ကို စစ်ဘက်အဖွဲ့အစည်းသက်သက်မဟုတ်ဘဲ “ခံယူချက် တစ်ခုလည်း” ဖြစ်သောကြောင့် အစ္စရေး၏ရည်မှန်းချက်မှာ “ဖြစ်လာမည်မဟုတ်” ဟု ပြောကြားခဲ့သည်။

■    နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg က နေတိုးမဟာမိတ်များသည် ဂါဇာကမ်းမြောင်သို့ အကူအညီများ ပေးအပ်ရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခေတ္တအပစ်အခတ်ရပ်ထားမှုများကို ပံ့ပိုးကူညီခဲ့ကြောင်း ပြောကြားခဲ့သည်။  ပြင်သစ်သမ္မတ Emmanuel Macron က ဂါဇာတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခေတ္တခဏအပစ်အခတ်ရပ်ထားရမည်ဟု ပြောကြားခဲ့သည်။  ဘယ်လ်ဂျီယံ လက်ထောက်ဝန်ကြီးချုပ်က အစ္စရေးအပေါ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန်နှင့် ဆေးရုံများနှင့် ဒုက္ခသည်စခန်းများကို ဗုံးခွဲမှုများ စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့သည်။

■   အစ္စရေးတပ်ဖွဲ့များသည် အနောက်ဘက်ကမ်းရှိ Jenin ဒုက္ခသည်စခန်းတွင် မကြုံစဖူး နေ့ဘက် လေ ကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လက်နက် ကိုင် စစ်သွေးကြွများကို ပစ်မှတ်ထားသည်ဟု ဆိုသည်။  ရာမာလာရှိ ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာန ၏ အဆိုအရ အဆိုပါ တိုက်ခိုက်မှုအတွင်း လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။  ကြာသပတေးနေ့အစောပိုင်းတွင် အစ္စရေးတပ်ဖွဲ့များနှင့် ထိပ်တိုက်တွေ့ဆုံမှုများအတွင်း အခြားပါလက်စတိုင်း ၃ ဦး သေဆုံးခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

■    ဂါဇာစစ်ပွဲကြောင့် ဖြစ်ပေါ်လာသော ဂျာမနီတွင် မကြာသေးမီက ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဖြစ်ရပ်များကြောင့် ” ရှက်ရွံ့ ထိတ်လန့်ခဲ့ ” ရကြောင်း၊ ဘာလင်သည် ထိုကဲ့သို့သော ဂျူးဆန့်ကျင်ရေးမုန်းတီးမှုကို သည်းခံမည်မဟုတ်ကြောင်း သတိပေးခဲ့သည်ဟု
၁၉၃၈ ခုနှစ် Kristallnacht pogrom ၏ နှစ်ပတ် လည်နေ့အထိမ်းအမှတ်ပြုလုပ်စဥ် ဂျာမနီအဓိပတိ Olaf Scholz က ပြောပါသည်။ မြောက်အမေရိကရှိ ဂျူးဖက်ဒရေးရှင်းများ၏ စစ်တမ်းအသစ်တစ်ခုတွင် အစ္စရေး – ဟားမတ်စ်စစ်ပွဲ စတင်ချိန်မှစ၍ ဂျူးဘာသာဝင်များ၏ လေးပုံသုံးပုံသည် ၎င်းတို့၏ဘေးကင်းလုံခြုံမှုအတွက် ကြောက်ရွံ့နေသည်ဟု ဖော်ပြ သည်။

Source; Haaretz News

#PAN