
(နိုင်ငံတကာ)မေ ၂၀
အမေရိကန်နှင့် အီရန်နိုင်ငံတို့အကြား စစ်မက်ဖြစ် ပွားနေမှုကြောင့် ပိတ်ဆို့ကန့်သတ်ခံထားရသည့် ကမ္ဘာ့အရေးပါဆုံး ဟော်မုဇ်ရေလက်ကြား (Strait of Hormuz)ကို၊ စစ်ပွဲစတင်ကတည်းက ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယားပိုင် ရေနံတင်သင်္ဘောတစ်စီး ဘေးကင်းလုံခြုံစွာ စတင်ဖြတ်သန်းမောင်းနှင်နေပြီဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဟျွန်(Cho Hyun)က ယနေ့ (ဗုဒ္ဓဟူးနေ့)တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ဆိုးလ်မြို့တွင် ပြုလုပ်သည့် လွှတ်တော်ကော်မတီအစည်းအဝေးအတွင်း ဝန်ကြီးက “အခု ဒီအချိန်မှာပဲ တောင်ကိုရီးယား ရေနံတင်သင်္ဘောတစ်စီးဟာ အီရန် ဘက်နဲ့ ပူး ပေါင်းညှိနှိုင်းပြီး ဟော်မုဇ်ရေလက်ကြားကနေ ထွက်ခွာနေပါတယ်” ဟု အတည်ပြုခဲ့ပြီး၊ အဆိုပါသင်္ဘောပေါ်တွင် ရေနံစိမ်းစည်ပေါင်း ၂ သန်း တင် ဆောင်လာကြောင်း သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ အဆိုပါ ရေနံတင် သင်္ဘောသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလနှောင်းပိုင်းကတည်းက အီရန်၏ ရေကြောင်းပိတ်ဆို့မှုကြောင့် ရေ လက်ကြားအနီးတွင် ပိတ်မိနေခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယားအစိုးရသည် ၎င်းတို့၏ သင်္ဘောများ လွတ်မြောက်ရေးအတွက် အီရန်အာဏာ ပိုင်များနှင့် ကာလရှည်ကြာ ဆွေးနွေးခဲ့ရပြီးနောက်၊ ပြီးခဲ့သည့် တနင်္လာနေ့တွင် အီရန်ဘက်က ဖြတ်သန်းခွင့်ပြုချက် ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရေယာဉ်သည် အင်္ဂါနေ့တွင် ကာတာနိုင်ငံအနီး ရေပိုင်နက်မှ စတင်ထွက်ခွာလာခဲ့ပြီး ယနေ့ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းတွင် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် အိုမန်ပင်လယ် ကွေ့အတွင်းသို့ ဘေးကင်းစွာ ဝင်ရောက်နိုင်တော့မည် ဖြစ် သည်။ သင်္ဘောပေါ်တွင် တောင်ကိုရီးယားနိုင်ငံသားများအပါအဝင် သင်္ဘော သား ၂၀ ကျော် လိုက်ပါလာပြီး၊ အီရန်ဘက်က သတ် မှတ်ပေးထားသည့် ကန့်သတ်လမ်း ကြောင်းအတိုင်း ဂရုတစိုက် မောင်းနှင်နေရကာ မည်သည့်ဖြတ်သန်းခကြေးငွေမျှ ပေးဆောင်ခဲ့ရခြင်းမရှိဟု အာဏာ ပိုင်များက ဆိုသည်။
ဘေးကင်းလုံခြုံရေးအရ ကုမ္ပဏီအမည်ကို အစိုးရက ထုတ်ဖော်မပြောသော်လည်း၊ ဘလွန်းဘတ် (Bloomberg) သတင်းအရ ယင်းသည် တောင်ကိုရီးယား ထိပ်သီးသင်္ဘောလိုင်း HMM Co. မှ စီမံခန့်ခွဲသည့် ရေနံစိမ်းတင်သင်္ဘောဖြစ်ပြီး ကိုရီးယားနိုင်ငံ အူလ်ဆန် (Ulsan) ဆိပ်ကမ်းမြို့သို့ ဦးတည်မောင်းနှင်နေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့ကလည်း တောင်ကိုရီးယားနိုင်ငံ ခြားရေးဝန်ကြီး ချိုဟျွန်သည် အီရန်နိုင်ငံခြား ရေးဝန်ကြီး အာဘတ်စ်အာရက်ဂ်ချီ(Abbas Araghchi) နှင့် တယ်လီဖုန်းဖြင့် တိုက်ရိုက်ဆွေးနွေးခဲ့ပြီး၊ ရေ လက်ကြားအတွင်း ပိတ်မိနေသည့် တောင်ကိုရီးယား ရေယာဉ်များနှင့် သင်္ဘော သားအားလုံး ဘေးကင်းစွာ လွတ်မြောက်သွားသည့်အထိ ဆွေးနွေးညှိနှိုင်းမှုများကို ဆက်လက်လုပ်ဆောင်သွားရန် နှစ်ဖက်သဘောတူညီခဲ့ကြသည်။
#StraitOfHormuz #SouthKoreaTanker #HMMCo #IranUSWar #MaritimeSecurity #CrudeOilShipping #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN