
(နိုင်ငံတကာ)မေ ၂၀
အစ္စရေးနှင့် ဟစ်ဇဘိုလာအဖွဲ့အကြား စစ်ပွဲများ ရပ် တန့်နိုင်ရန်အတွက် ၄၅ ရက်ကြာ အပစ်အခတ်ရပ်စဲရေး သက် တမ်းတိုးမြှင့်ထားသော်လည်း၊ အစ္စရေးစစ်ဘက်က လက်ဘနွန်တောင်ပိုင်းရှိ အရပ်သားပြည်သူများနှင့် မြို့ရွာများကို နေ့စဉ်ရက်စက်စွာ လေ ကြောင်းမှ ဆက်လက်ဗုံးကြဲတိုက် ခိုက်နေသဖြင့် လွန်ခဲ့သည့် ၂၄ နာရီအတွင်း လက်ဘနွန်နိုင်ငံသား အနည်း ဆုံး ၂၂ ဦး ထပ်မံသေဆုံးခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်သည်။
ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့တွင် နှစ်ဖက်စစ်မက်များ တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ယခုအခါ စတုတ္ထမြောက်လထဲသို့ ရောက်ရှိတော့မည်ဖြစ်ရာ၊ အစ္စရေး ၏ တိုက်ခိုက်မှုများကြောင့် လက်ဘနွန်ဘက်မှ စုစုပေါင်း သေဆုံးသူဦးရေမှာ ၃,၀၄၂ ဦးအထိ ရှိလာခဲ့ပြီ ဖြစ်သည်။
လက်ဘနွန် နိုင်ငံပိုင် အမျိုးသားသတင်းအေဂျင်စီ (NNA) ၏ ဖော်ပြချက်အရ မေလ ၁၉ ရက် (အင်္ဂါနေ့) အရုဏ်ဦးအချိန်မှစတင်ကာ အစ္စရေး၏ ဗုံးကြဲမှုများကြောင့် အရပ်သားများ ဆက်တိုက်သေဆုံးခဲ့ရသည်ဟု သိရသည်။ လက်ဘနွန်တောင်ပိုင်း နာဘာတီးယား (Nabatieh) ဒေသ၊ လီတာနီမြစ် မြောက်ဘက်ရှိ ကဖာဆာ (Kfar Sir) မြို့နယ်ရှိ နေအိမ်တစ်လုံးကို အစ္စရေးတိုက်လေယာဉ်က ဗုံးကြဲဖြိုချခဲ့သဖြင့် မိသားစုဝင် ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။
ဟာရော့ဖ် (Harouf) မြို့နယ်ရှိ အုပ်ချုပ်ရေးအဆောက်အအုံအနီးတွင် ဒေသခံပြည်သူများကို ပါမုန့်ဝေငှရန် ပြင် ဆင်နေသည့် မော်တော်ယာဉ်တစ်စီးကို အစ္စရေးဒရုန်းက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ လူ ၁ ဦး သေဆုံးပြီး မြို့နယ်ကောင်စီဝင်တစ်ဦးအပါအဝင် အခြားသူများ စိုးရိမ်ရသည့် ဒဏ်ရာများ ရရှိခဲ့သည်။ ထို့ပြင် ဖရွန် (Froun) မြို့နယ်တွင်လည်း မော်တော် ဆိုင်ကယ်တစ်စီးကို ဒရုန်းဖြင့် ထပ်မံပစ် ခတ်ခဲ့သဖြင့် လူ ၁ ဦး သေဆုံးခဲ့သည်။
ထို့ပြင် တိုင်ယာ (Tyre) ခရိုင်အတွင်း ဖရဲသီးရိတ် သိမ်းနေသည့် ဒေသခံတောင်သူများကို အစ္စရေးစစ် တပ်က နိုင်ငံ တကာတားမြစ်ချက်ကို ချိုးဖောက်ကာ မီးလောင်လွယ်သော ဖော့စဖရပ်စ်ဗုံး(Phosphorus bombs) ၃ လုံးဖြင့် တိုက်ခိုက်ခဲ့သဖြင့် တောင်သူများ အသက်လုထွက်ပြေးခဲ့ကြရသည်။
အစ္စရေးဟာ လက်ဘနွန်တောင်ပိုင်းကို လူသူကင်းမဲ့အောင်လုပ်ဖို့နဲ့ လူမနေထိုင်နိုင်တဲ့ ဇုန်တစ်ခုဖြစ်အောင်လုပ်ဖို့အတွက် နေ့စဉ်ရက်စက်စွာ လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသည်ဟု ဒေသခံတို့က ယုံကြည်နေကြကြောင်း အယ်လ်ဂျာဇီးရား(Al Jazeera) သတင်းတွင် ဖော်ပြထားသည်။
အင်္ဂါနေ့နှောင်းပိုင်းတွင် အစ္စရေးစစ်တပ်သည် ယင်းဒေသကို ပိုမိုကျယ်ပြန့်စွာ စစ်ဆင်ရန်အတွက် တိုရာ၊ ဟတ်ဘော့ရှ်၊ ဂျက်ဘ်ချစ်တ် အပါအဝင် လက်ဘနွန်တောင်ပိုင်းရှိ မြို့နှင့် ကျေးရွာပေါင်း ၁၂ ရွာမှ ဒေသ ခံပြည်သူများအားလုံး နေရပ်စွန့်ခွာ ထွက်ပြေးကြရန် အဓမ္မခြိမ်းခြောက် သတိပေးချက်များ ထပ်မံထုတ်ပြန်ထားသဖြင့် စစ်ဘေးဒုက္ခသည်ဦးရေ လွန်စွာတိုးပွားလာနေကြောင်း သိရှိရသည်။
#LebanonConflict #IsraelAttacks #Hezbollah #Nabatieh #PhosphorusBombs #CivilianCasualties #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN