စေတုတ္တရာမြို့ အနောက်မြောက်ဘက် ဗဟိုပြု၍ အင်အားအသင့်တင့်ရှိ ငလျင်လှုပ်ခတ်

(မိုး/ဇလ) မေ ၁၁

မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့ ၌ မေလ ၁၁ ရက်နေ့ နံနက် ၂နာရီ ၆မိနစ် အချိန်တွင် အင်အားအသင့်တင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်းသိရသည်။

အဆိုပါ မြေငလျင်သည် ညောင်ဦးမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၇၃ မိုင်ခန့်ကွာဝေးသော မြန်မာ နိုင်ငံပြည်တွင်း (စေတုတ္တရာမြို့၏ အနောက်-အနောက်မြောက်ဘက် (၁၁) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၂၀.၄၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၀၈ ဒီဂရီ၊ အနက် ၁၅ ကီလို မီတာအား ဗဟိုပြု၍ ပမာဏ ၅.၀(M) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

#PAN