ကျိုင်းတုံမြို့တွင် ရွှေဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးအား နေအိမ်ရှေ့တွင် သေနတ်ဖြင့် ပစ်သတ်ခံရ

(မှုခင်း) မေ ၁၄

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ရွှေဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးအား နေအိမ်ရှေ့တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

မေလ ၁၃ ရက် မွန်းလွဲ၁နာရီအချိန်က ကျိုင်းတုံမြို၊ အမှတ် (၃)ရပ် ကွက်၊ကျိုင်းငမ်းဝပ်အင်းလမ်းတွင် ရွှေဦးစိုင်းယီတစ် ပါ ၃ဦးသည် ကျိုင်းတုံမြိုမစျေးရှိ ခေမာရဋ်ရွှေဆိုင်မှဆိုင်သိမ်းပြီးအိမ်သို့ ကားဖြင့် ပြန်လာစဉ် PAJERO IO ယာဉ်ဖြင့်လူ ၃ဦး ရောက်ရှိလာပြီး သေနတ်ဖြင့်၂ချက်ပစ်ခတ်ကာ ရွှေပိဿာ ၃၀ ခန့်နှင့်ယာဉ်အားလုယက်ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါသေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရွှေဆိုင်ပိုင်ရှင်စိုင်းယီတစ်သည် နားထင် နှင့် ဝမ်းဗိုက်တို့တွင် ကျည်ဖောက်ဝင် ဒဏ်ရာများ ရရှိကာ နှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်း (ကျိုင်းတုံမြို့)ယာဥ်ဖြင့် ကျိုင်းတုံ ပြည်သူ့ ဆေးရုံ သို့ ပို့ဆောင်ခဲ့သော်လည်း ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း သိရသည်။

#PAN