
(နိုင်ငံတကာ)မေ ၂
အီရန်စစ်ပွဲနှင့် ပတ်သက်၍ အမေရိကန်နှင့် ဥရောပမဟာမိတ်များကြား တင်းမာမှုများ မြင့်တက်နေစဉ်အတွင်း ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင် ၅,၀၀၀ ခန့်ကို ရုပ်သိမ်းမည့် ဝါရှင်တန်၏ ဆုံးဖြတ်ချက်အပေါ် နေတိုးအဖွဲ့ (NATO) က အသေးစိတ် လေ့လာသုံးသပ်မှုများ စတင်လုပ်ဆောင်နေပြီဖြစ်သည်။
နေတိုးပြောရေးဆိုခွင့်ရှိသူ အယ်လီဆင် ဟတ်က ဂျာမနီရှိ တပ်ဖြန့်ထားမှု အပြောင်းအလဲနှင့် ပတ် သက်၍ အမေရိကန်နှင့် နီးကပ်စွာ ပူးပေါင်းဆောင် ရွက်နေကြောင်း စနေနေ့တွင် ပြောကြားခဲ့သည်။ ဤတပ်ရုပ်သိမ်းမှုမှာ နောက်ထပ် ၆ လမှ ၁၂ လအတွင်း ဖြစ်ပေါ် လာမည်ဟု ခန့်မှန်းရသည်။ သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်စစ်ပွဲတွင် ဥရောပနိုင်ငံများက လုံလောက်သော အကူအညီမပေးဟုဆိုကာ မကျေမနပ်ဖြစ်နေပြီး၊ အထူးသဖြင့် အမေရိကန်သည် အီရန်ခေါင်းဆောင်များ၏ “အရှက်ခွဲခြင်း” ကို ခံနေရသည်ဟု မကြာသေးမီက ပြောဆိုခဲ့သော ဂျာမနီအဓိပတိ ဖရိုင်းဒရစ် မာ့ဇ်အပေါ် ထရန့်က ပြင်းပြင်းထန်ထန် တုံ့ ပြန်ခဲ့ခြင်း ဖြစ်သည်။
အမေရိကန် သံတမန်ဟောင်း ဒေါ်နယ်ဂျန်ဆင်၏ အဆိုအရ ဤလုပ်ဆောင်ချက်သည် အမေရိကန်၏ မဟာဗျူဟာမြောက် ရည်မှန်းချက်များ ပြောင်းလဲလာခြင်းကို ပြသနေခြင်း ဖြစ်သည်။ ဝါရှင်တန်အနေဖြင့် ရုရှားထက် ပိုမိုကြီးမားသော ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ထားသည့် တရုတ်နိုင်ငံနှင့် နီးကပ်သောနေရာများသို့ တပ်ဖွဲ့ဝင်များကို ပိုမိုစေလွှတ်နိုင်ကြောင်း ၎င်းက သုံး သပ်သည်။ ယင်းသည် ဥရောပ၏ လုံခြုံရေးတည် ဆောက်ပုံကို အမြဲတမ်း ပြောင်းလဲသွားစေနိုင်ဖွယ် ရှိနေသည်။
ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ်ကမူ ဤတပ်ရုပ်သိမ်းမှုကို ကြိုတင်မျှော်လင့်ထားပြီးဖြစ်ကာ ဥရောပသားများအနေဖြင့် မိမိတို့၏ လုံခြုံရေးအတွက် ပိုမိုတာဝန်ယူကြရမည်ဟု တုံ့ပြန်ခဲ့သည်။ လက်ရှိတွင် ဂျာမနီသည် တပ်မတော်တိုးချဲ့ခြင်းနှင့် လက်နက်ခဲယမ်းများ ပိုမိုဝယ်ယူခြင်းတို့ဖြင့် မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိနေကြောင်း ၎င်းက ဆို သည်။
ပြီးခဲ့သည့်နှစ်က သည်ဟိဂ် (The Hague) မြို့တွင် ကျင်းပခဲ့သည့် နေတိုးထိပ်သီးအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများသည် ယခင်က သတ်မှတ်ထားသော ကာကွယ်ရေးအသုံးစရိတ် ၂ ရာခိုင်နှုန်းထက် နှစ်ဆကျော်ပိုသည့် ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲရန် သဘောတူညီခဲ့ကြသည်။
#NATO #Germany #USWithdrawal #DonaldTrump #FriedrichMerz #EuropeanSecurity #BreakingNews #PositiveAngleNews #InternationalNews
Telegram»…
https://t.me/positiveanglenews
#PAN