
(နိုင်ငံတကာ)မေ ၄
ဟော်မုဇ်ရေလက်ကြားအတွင်း ခုတ်မောင်းနေသော အမေရိကန်စစ်သင်္ဘောတစ်စင်းသည် အီရန်ရေတပ်၏ ရပ်တန့်ရန် သတိပေးချက်ကို လျစ်လျူရှုခဲ့သော ကြောင့် ဒုံးကျည်နှစ်စင်းဖြင့် ထိမှန်အောင် ပစ်ခတ်ခဲ့ကြောင်း အီရန်စစ်တပ်၏ ပြောကြားချက်ကို ကိုးကား ၍ နိုင်ငံပိုင်ဖားစ် (Fars) သတင်းဌာနက ပြောကြားခဲ့သည်ဟု လ်ဂျာဇီးယား (Al Jazeera)သတင်းတွင် ဖော် ပြထားသည်။
အီရန်နိုင်ငံပိုင် ဖားစ် (Fars) သတင်းဌာန၏ ဖော်ပြချက်အရ အမေရိကန်စစ်သင်္ဘောသည် ဂျက်စ်ကျွန်း (Jask Island) အနီးတွင် အီရန်ရေတပ်၏ ရပ်တန့်ရန် သတိပေးချက်ကို လျစ်လျူရှုခဲ့သဖြင့် ဒုံးကျည်နှစ်စင်းဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ သို့သော် အမေရိကန်စစ်ဘက် တာဝန်ရှိသူများကမူ ၎င်းတို့၏ သင်္ဘောများ တိုက်ခိုက်ခံရခြင်း မရှိကြောင်းနှင့် အဆိုပါသတင်းမှာ အခြေအမြစ်မရှိကြောင်း တုံ့ ပြန်ပြောကြားခဲ့သည်။
ဤဖြစ်စဉ်သည် ဟော်မုဇ်ရေလက်ကြားအတွင်း ပိတ်မိနေသော ကုန်တင်သင်္ဘောများကို လုံခြုံစွာ ပြန် လည်ပို့ဆောင်ပေးရန် သမ္မတ ဒေါ်နယ်ထရန့်က “Project Freedom” အမည်ရှိ ရေတပ်စစ်ဆင်ရေးကို ကြေညာခဲ့ပြီးနောက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စစ်ဆင် ရေးအတွက် အမေရိကန်သည် စစ်ဘက်ဆိုင်ရာဝန်ထမ်း ၁၅,၀၀၀ နှင့် အင်အားကြီးမား သော စစ်လက်နက်ပစ္စည်းများကို အသုံးပြုသွားမည်ဟု သိရသည်။
စစ်ပွဲရပ်တန့်ရန်အတွက် အီရန်ဘက်က အချက် ၁၄ ချက်ပါဝင်သည့် အဆိုပြုချက်တစ်ရပ်ကို တင်ပြထားသော်လည်း သမ္မတထရန့်ကမူ ယင်းကို “လက်ခံနိုင်စရာမရှိ” ဟု ပယ်ချထားသည်။ တစ်ချိန်တည်းမှာပင် အစ္စရေးသည် လေဗနွန်နှင့် ဂါဇာကဏ္ဍတို့တွင် စစ် မျက်နှာများကို တိုးချဲ့လာနေပြီး “Orange Line” ဟုခေါ်သော နယ်မြေအသစ်ကို သတ်မှတ်ကာ ထိန်းချုပ်မှုများ ပိုမိုလုပ်ဆောင်လာနေသည်။
လက်ရှိတွင် ဟော်မုဇ်ရေလက်ကြားအတွင်း ရေ ကြောင်းသွားလာမှုများ ရပ်တန့်နေပြီး ဒေသတွင်း တင်းမာမှုမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေသည့် အတွက် နိုင်ငံတကာက စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။
#HormuzStrait #USNavy #Iran #ProjectFreedom #MissileAttack #Trump #BreakingNews #PositiveAngleNews #InternationalNews
Telegram»…
https://t.me/positiveanglenews
#PAN