လောင်စာဆီအကျပ် အတည်းကြောင့် Spirit Airlines လုပ်ငန်းများ စတင်ရပ်ဆိုင်းကာ လေကြောင်းခရီးစဉ်အားလုံးကို ဖျက်သိမ်း

(နိုင်ငံတကာ)မေ ၂

     ​​အမေရိကန်၏ နာမည်ကျော် တန်ဖိုးနည်း လေ ကြောင်းလိုင်းဖြစ်သော Spirit Airlines သည် အီရန်စစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် လောင်စာဆီစျေးနှုန်း အဆမတန်မြင့်တက်မှုဒဏ်ကို မခံနိုင်တော့ဘဲ လုပ်ငန်းများအားလုံးကို စတင်ရပ်ဆိုင်း (Wind-down) လိုက်ပြီဖြစ်ကြောင်း ယနေ့တွင် တရားဝင်ကြေညာလိုက်သည်။

​     Spirit လေကြောင်းလိုင်းသည် စနေနေ့ နံနက်ပိုင်းမှစ၍ ၎င်း၏ လေကြောင်းခရီးစဉ်အားလုံးကို ချက်ချင်းဖျက်သိမ်းလိုက်ပြီး ခရီးသည်များအနေဖြင့် လေဆိပ်သို့ မလာကြရန် အရေးပေါ်သတိပေးချက် ထုတ်ပြန်ထား သည်။ မေလ ၁ ရက်မှ ၁၅ ရက်အတွင်း ပြေးဆွဲရန် စီစဉ်ထားသည့် ခရီးစဉ်ပေါင်း ၄,၀၀၀ ကျော်နှင့် ထိုင်ခုံ ၈ သိန်းကျော်မှာ ယခုဆုံးဖြတ်ချက်ကြောင့် ရပ် တန့်သွားခဲ့ပြီ ဖြစ်သည်။

​     ယခုကဲ့သို့ လေကြောင်းလိုင်း ပြိုလဲသွားရခြင်းမှာ နှစ်လကြာမြင့်နေပြီဖြစ်သော အမေရိကန်-အီရန် စစ်ပွဲကြောင့် လေယာဉ်ဆီစျေးနှုန်း နှစ်ဆနီးပါး မြင့်တက်လာခြင်းကြောင့် ဖြစ်သည်။ Spirit ၏ ပြန်လည်ထူ ထောင်ရေးစီမံချက်တွင် လေယာဉ်ဆီတစ်ဂါလန်လျှင် ၂ ဒေါ်လာဝန်းကျင်သာ ခန့်မှန်းထားသော်လည်း လက် ရှိတွင် ၄.၅ ဒေါ်လာကျော်အထိ စျေးတက်သွားခြင်းက ကုမ္ပဏီကို ရှေ့ဆက်မရအောင် အကျပ်ရိုက်စေခဲ့ခြင်း ဖြစ်သည်။

​     သမ္မတ ဒေါ်နယ်ထရန့်က Spirit လေကြောင်းလိုင်းကို ဒေါ်လာ သန်း ၅၀၀ ထောက်ပံ့ပြီး ကယ်တင်ရန် ကြိုးပမ်းခဲ့သော်လည်း လွှတ်တော်အတွင်းရှိ ရီပတ်ဘလစ်ကန်အမတ်အချို့၏ ကန့်ကွက်မှုနှင့် အဆင်မပြေသော သဘောတူညီချက်များကြောင့် ယင်းအစီအစဉ်မှာ ပျက် ပြားသွားခဲ့သည်။ သယ်ယူပို့ဆောင်ရေးဝန်ကြီး ရှောင်ဒပ်ဖီကလည်း အခြားလေကြောင်းလိုင်းများအား Spirit ကို ဝယ်ယူရန် တိုက်တွန်းခဲ့သော်လည်း မည်သူကမျှ ဝယ်ယူရန် စိတ်မဝင်စားခဲ့ကြကြောင်း သိရသည်။

     Spirit လေကြောင်းလိုင်း ပြိုလဲမှုကြောင့် ထောင် ပေါင်းများစွာသော အလုပ်အကိုင်များ ဆုံးရှုံးသွားမည့်အပြင်၊ အခြားသော ကမ္ဘာလုံးဆိုင်ရာ လေကြောင်းလိုင်းများဖြစ်သည့် Lufthansa နှင့် Air India တို့မှာလည်း ခရီးစဉ်များလျှော့ချခြင်းနှင့် လောင်စာဆီဝန် ဆောင်ခများ တိုးမြှင့်ခြင်းဖြင့် ဤအကျပ်အတည်းကို ရင်ဆိုင်နေကြရသည်။

​#SpiritAirlines #FuelCrisis #IranWar #AviationNews #DonaldTrump #EconomyShock #BreakingNews #PositiveAngleNews #InternationalNews

Telegram»…
https://t.me/positiveanglenews

#PAN