လေပြင်းတိုက်ခတ်မှုကြောင့် ဒေါင်းမြူးချောင်း ကြိုးတံတားပေါ်မှ လူ ၅ ဦးပြုတ်ကျ

(မှုခင်း) မေ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်အနောက်ခြမ်း မိုးနံရွာနှင့် ဥက္ကံရွာကို ဆက်သွယ်ထားသည့် ဒေါင်းမြူးချောင်း ကြိုးတံတားပေါ်မှ လေပြင်းတိုက်ခတ်မှုကြောင့် လူ၅ဦးပြုတ်ကျခဲ့ကြောင်း သိရသည်။

မေလ ၃ ရက် ညနေ ၄ နာရီခန့်တွင် ဒေါင်းမြူးချောင်းကြိုးတံတားပေါ် ဒေသခံများ ဖြတ်သန်းသွားလာနေစဥ် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ယင်းကြိုးတံတားမှာ လိမ်ပြီး တံတားပေါ်မှ မြေပြင်ပေါ်သို့ ဆိုင်ကယ်များနှင့်အတူ အမျိုးသား၃ဦး၊ အမျိုးသမီး ၂ဦး ပြုတ်ကျခဲ့ကြောင်း သိရသည်။။

အဆ်ိုပါတံတားပေါ်မှပြုတ်ကျမှုကြောင့် ဆိုင်ကယ်များပျက်ဆီးခဲ့ပြီး လူ၅ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။