
(ပြည်တွင်း) မေ ၄
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူလယ်သမားများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ မေ ၄ ရက် နေ့လယ် ၁ နာရီတွင်ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူအောင်၊ ဒုတိယဦးစီးမှူး ဦးဝဿန်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းတင်၊ လဝကဦးစီးမှူး ဦးသန်းထိုက်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာအရာရှိများအပါအဝင် တောင်သူလယ်သမားများ စုစုပေါင်း (၃၈) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်သွင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျာမင်းနှင့် ပြည်သူ့ရှေ့ဆောင်ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (PR) ဒေါက်တာစိုးမိုးအောင်တို့ တက်ရောက်ခဲ့ကြပြီး တစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။
ထို့နောက် တောင်သူလယ်သမားများ၏ အခက်အခဲများနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလိုအပ်ချက်များကို ပူးပေါင်းဖြေရှင်းနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။