အိန္ဒိယပြည်နယ်ရွေးကောက်ပွဲများတွင် မိုဒီ၏ BJP ပါတီ အပြတ်အသတ်အနိုင်ရရန် အခြေအနေကောင်းနေ၊ အတိုက်အခံအင်အားစုများ အားနည်းသွားနိုင်ခြေရှိ

(နိုင်ငံတကာ)မေ ၄

    ​​အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၏ ဘာရတီယား ဂျနတာပါတီ (BJP) သည် အရေးပါသော ပြည်နယ်ရွေး ကောက်ပွဲများတွင် အနိုင်ရရှိရန် အခြေအနေကောင်းနေပြီး၊ ယင်းအောင်ပွဲသည် မိုဒီ၏ တတိယမြောက် သက် တမ်းဝက်ကာလ၌ ၎င်း၏သြဇာအာဏာကို ပိုမိုခိုင်မာလာစေမည် ဖြစ်သည်။

​     တနင်္လာနေ့တွင် ထုတ်ပြန်သည့် အိန္ဒိယရွေး ကောက်ပွဲကော်မရှင်၏ မဲရေတွက်မှု အခြေအနေများအရ BJP ပါတီသည် အရှေ့ပိုင်းပြည်နယ်ဖြစ်သော အာသံ (Assam)တွင် သုံးကြိမ်ဆက်တိုက် အာဏာပြန်ရရန် သေချာသလောက်ရှိနေသည်။ ထို့ပြင် အတိုက် အခံတို့ ၏ ခံတပ်ဖြစ်သော အနောက်ဘင်္ဂလား (West Bengal) ပြည်နယ်တွင်လည်း အမတ်နေရာ ၂၉၄ နေရာအနက် ၁၇၆ နေရာတွင် ရှေ့ကနေ ဦးဆောင်နေသည့် အတွက် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အနောက်ဘင်္ဂလားကို အုပ်ချုပ်နိုင်ရန် အခွင့် အရေး ရရှိနေသည်။

​     တမီးလ်နာဒူး(Tamil Nadu) ပြည်နယ်တွင်မူ ၂၀၂၄ ခုနှစ်ကမှ နိုင်ငံရေးလောကထဲသို့ အသစ်ဝင်ရောက် လာသည့် ရုပ်ရှင်မင်းသား ဂျိုးဆက် ဝိဂျေး (Joseph Vijay)၏ TVK ပါတီသည် ဆယ်စုနှစ် ခြောက်ခုကြာ စိုးမိုးခဲ့သည့် ဒြာဗီးဒီးယန်း(Dravidian) နိုင်ငံရေးပုံစံခွက်ကို ရိုက်ခွဲကာ အာဏာရ DMK ပါတီကို အနိုင်ရရန် အခြေအနေကောင်းနေသည်။ ကီရာလာ (Kerala) ပြည်နယ်တွင်လည်း အိန္ဒိယအမျိုးသားကွန်ဂရက်ပါတီ ဦးဆောင်သည့် မဟာမိတ်အဖွဲ့က အာဏာရ ကွန်မြူ နစ်ပါတီကို အနိုင်ရရန် ဦးဆောင်နေသည်။

​     ဤရွေးကောက်ပွဲရလဒ်များသည် အမေရိကန်သမ္မတ ထရန့်၏ အခွန်တိုးမြှင့်မှုဆိုင်ရာ ဖိအားများနှင့် အီရန်စစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးစိန်ခေါ်မှုများကို ရင်ဆိုင်နေရသော မိုဒီအစိုးရအတွက် အလွန်လိုအပ်နေသည့် တွန်းအားတစ်ခု ဖြစ်လာမည်ဖြစ် သည်။ သို့သော် ဝေဖန်သူများကမူ ဤရွေးကောက်ပွဲအတွင်း မဲဆန္ဒရှင် ကိုးသန်းကျော် မဲစာရင်းမှ ပယ်ဖျက်ခံရခြင်းကြောင့် “လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ” ဟုတ်မဟုတ်အပေါ် သံသယရှိနေကြသည်။

     ဤအောင်ပွဲများကြောင့် ၂၀၂၉ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် စတုတ္ထအကြိမ်မြောက် သက်တမ်းအတွက် ယှဉ်ပြိုင်မည့် ဝန်ကြီးချုပ်မိုဒီအပေါ် အတိုက် အခံပြုမည့် အင်အားစုများ သိသိသာသာ အားနည်းသွားနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။

​#IndiaElection #NarendraModi #BJP #WestBengal #JosephVijay #IndianPolitics #BreakingNews #PositiveAngleNews #InternationalNews

Telegram»…
https://t.me/positiveanglenews

#PAN