ကျိုက်

(ပြည်တွင်း) ဧပြီ ၂၉

ကျိုက်လတ်မြို့နယ်တွင် အစိုးရ၏ ရက်(၁၀၀) စီမံချက်အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ဧပြီ ၂၈ ရက်နေ့ နေ့လယ်ပိုင်းတွင် ခြောက်ပင်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများက အသက်(၁၀)နှစ်ပြည့်နှင့် (၁၈)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ပြုလုပ်ပေးခြင်း၊ လိုအပ်သည့် အချက်အလက်များ စိစစ်ဖြည့်စွက်ပေးခြင်းနှင့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းတို့ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့သည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ဝင်းအောင်နှင့် ဒေါ်ဇင်ပပဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးကြည်ကိုကို၊ ဦးဇော်ဝေထက်နှင့် ဦးစိန်မြင့်တို့နှင့်အတူ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။

ထို့ပြင် လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

#PAN