(ပြည်တွင်း)ဧပြီ ၂၉
မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးသည် ယနေ့ မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့ မွန်ပြည်နယ်ပို့ဆောင်ရေးစီမံကိန်းရုံးသို့ သွားရောက်ကာ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။
ဦးစွာရှင်းလင်းဆောင်တွင် ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက မိမိတို့ဌာန လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအားလည်းကောင်းမွန်ပြည်နယ်ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌက ပြည်နယ်အတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ အခွန်ကောက်ခံရရှိမှု အခြေအနေများ၊ မြေယာအသုံးပြုမှု အခြေအနေများ၊ သက်ဆိုင်ရာ မော်တော်ယာဉ်လိုင်းများ အလိုက် ကြီးကြပ်ဆောင်ရွက်သည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ယာဉ်ကြံ့ခိုင်မှု၊ယာဥ်မောင်းယာဥ်နောက်လိုက်တို့ကျွမ်းကျင်မှုနှင့်စည်းကမ်းလိုက်နာမှုရှိစေရန်၊ ယာဉ်စီးခနှုန်း သတ်မှတ်ခြင်း၊ တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်ရေး မပြုလုပ်ရန်၊ လူကုန်ကူးမှုမဖြစ်စေရေး၊ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေရေး၊ ပြည်သူအများနှင့်ထိတွေ့ဆောင်ရွက်ရသည့်လုပ်ငန်းဖြစ်၍နွေးထွေးပျူငှာစွာပြုမူပြောဆိုပြီးပြည်သူ့အကျိုးရှေ့ရှုဆောင်ရွက်ကြရန် ပြောကြားသည်။
ယင်းနောက် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးသည် အဝေးပြေးယာဉ်ရပ်နားစခန်း(လှိုင်)သို့ သွားရောက်ပြီး မော်တော်ယာဉ် လိုင်းများ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု အခြေအနေများ၊ သန့်ရှင်း သပ်ရပ်မှု ရှိစေရေးနှင့်အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးတို့အတွက် အလေးထား ဆောင်ရွက်မှု အခြေအနေများအပေါ် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးသည် ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ဦးစွာ ရှင်းလင်းဆောင်တွင် ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား Power Pointဖြင့် ရှင်းလင်းတင်ပြရာ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းမှာကြားသည်။
ထို့နောက် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ယာဉ်မောင်းလိုင်စင်ဌာန၊ ယာဉ်စစ်ဆေး ရေးဌာန၊ ယာဉ်မှတ်ပုံတင်ဌာနနှင့် သင်တန်းခန်မးတို့ကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ေကြာင်း သိရှိရသည်။






#PAN