(မှုခင်း) နိုဝင်ဘာ ၁၀
ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်၊ ဥဿာ (၁၂) လမ်းရှိ နေအိမ်တစ်အိမ်တွင် မိလ္လာကန်အတွင်းမှ ရေများကို ရေစုပ်စက်မော်တာဖြင့် စုပ်ထုတ်ရန် ပြင်ဆင်နေစဉ် ဓာတ်လိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ နိုဝင်ဘာ ၁၀ ရက် နံနက် ၉ နာရီခွဲခန့်က အဆိုပါနေအိမ်ရှိ ဆောက်လုပ်ဆဲ အိမ်သာအနောက်ဘက်တွင် ပန်းရံလုပ်သား ဦးခင်စိုးက ပိုက်လိုင်းများ တပ်ဆင်ပေးနေစဉ် အိမ်သာအရှေ့ဘက်၌ မဝင်းသန္တာငြိမ်း (ခ) မငယ်ကြီးက မိလ္လာကန်သစ်အတွင်းမှ ရေများကို ရေစုပ်စက်မော်တာဖြင့် စုပ်ထုတ်ရန် ပြင်ဆင်နေခဲ့ကြောင်း သိရသည်။
ခဏအကြာတွင် ဦးခင်စိုးက အိမ်သာအရှေ့ဘက်သို့ ထွက်လာကြည့်ရှုရာ မဝင်းသန္တာငြိမ်း (ခ) မငယ်ကြီးမှာ ရေစုပ်စက်မော်တာကြိုးကို မီးပလပ်ခုံသို့ သွယ်တန်းစဉ် ဓာတ်လိုက်ကာ မြောက်အရပ်သို့ ဦးခေါင်းလှည့်၍ မှောက်လျက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN