(ပြည်တွင်း) ဧပြီ ၂၈
ပို့ကုန်ရငွေကြွေးကျန် အပြည့်အဝ ပြန်လည်ပေးသွင်းပြီးသော ဦးတေဇ၏Htoo ကုမ္ပဏီအုပ်စုအပါဝင် ကုမ္ပဏီ၁၇ခုအား အမည်မည်းစာရင်း (Black Lists)
ထည့်သွင်းခြင်းနှင့် မြန်မာပြည် ဝင်/ထွက်ခွင့် တားဆီးထားခြင်းတို့မှ ပယ်ဖျက်ပြီးစီးကြောင်း ဧပြီလ၂၇ရက်နေ့တွင် ကြေညာလိုက်ကြောင်း သိရသည်။
၂ဝ၂ဝ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီးနောက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်း မရှိသည့် ကုမ္ပဏီများအနက် အမေရိကန်ဒေါ်လာ ၅ သိန်းနှင့်အထက်ရှိသော ကုမ္ပဏီ (၂၈) ခုအားလည်းကောင်း၊ ၂၀၂၁ ခုနှစ်
အတွင်း ပို့ကုန်တင်ပို့ပြီးနောက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသည့်
ကုမ္ပဏီ များအနက် အမေရိကန်ဒေါ်လာ ၅ သိန်းနှင့်အထက်ရှိသော ကုမ္ပဏီ (၅၅) ခုအားလည်းကောင်း၊ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ပို့
ကုန်တင်ပို့ခဲ့ပြီးနောက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်း မရှိသည့် ကုမ္ပဏီ (၁၉၇) ခုအားလည်းကောင်း၊ (၁-၁-၂၀၂၁) ရက်နေ့မှ (၃၁-၃-၂၀၂၅) ရက်နေ့အထိ ကာလအတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်
ရောက်ခြင်းမရှိသည့် ကုမ္ပဏီ (၂၈၇) အား လည်းကောင်း အမည်မည်းစာရင်း (Black Lists) ထည့်သွင်းနိုင်ရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ညှိနှိုင်းချက်အရ ပြည်ထဲရေးဝန်ကြီးဌာန နှင့် လူဝင်မှုကြီးကြပ်ရေး
နှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ အမည်မည်းစာရင်း (Black Lists) ထည့်သွင်းခြင်းနှင့် မြန်မာပြည် ဝင်/ထွက်ခွင့် တားဆီးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အမည်မည်းစာရင်းထည့်သွင်းခြင်းနှင့် မြန်မာပြည် ဝင်/ထွက်ခွင့် တားဆီးခြင်းခံရသည့် ကုမ္ပဏီများအနက် ကုမ္ပဏီ (၂၉) ခု သည် ပို့ကုန်ရငွေများ အပြည့်အဝ ပြန်လည်ဝင်ရောက်ပြီး ဖြစ်သဖြင့် ယင်း
ကုမ္ပဏီနှင့် ဒါရိုက်တာအဖွဲ့ဝင်တို့အပေါ် အမည်မည်းစာရင်း (Black Lists) ထည့်သွင်း ခြင်းနှင့် မြန်မာပြည်ဝင်/ထွက်ခွင့်တားဆီးခြင်းတို့မှ ပယ်ဖျက်ကြောင်း (၃၀-၁၂-၂၀၂၅)ရက်နေ့တွင် ကြေညာခဲ့ပြီးဖြစ်ပါသည်။
ယခုအခါ ပူးတွဲပါ ကုမ္ပဏီ (၁၇) ခု သည် ပို့ကုန်ရငွေများ အပြည့်အဝ ပြန်လည်ဝင်ရောက်ပြီး ဖြစ်သဖြင့် ယင်းကုမ္ပဏီနှင့် ဒါရိုက်တာအဖွဲ့ဝင်တို့အပေါ် အမည်မည်းစာရင်း (Black Lists) ထည့်သွင်း ခြင်းနှင့် မြန်မာ
ပြည်ဝင်/ထွက်ခွင့်တားဆီးခြင်းတို့မှ ပယ်ဖျက်ကြောင်း ကြေညာပါသည်-
ပူးတွဲ- ကုမ္ပဏီနှင့် ဒါရိုက်တာအဖွဲ့ဝင်တို့အပေါ် အမည်မည်းစာရင်း (Black Lists) ထည့်သွင်းခြင်းနှင့် မြန်မာပြည်ဝင်/ထွက်ခွင့် တားဆီးခြင်းတို့မှ ပယ်ဖျက်ပြီးသည့် ကုမ္ပဏီ (၁၇) ခုစာရင်မှာ Yang Brothers National Co.,Ltd ၊ Multi World Trade Co.,Ltd ၊ Myanmar Yulin Co.,Ltd ၊ N.Y.K Global Diamond Crown Co.,Ltd ၊ BAAB’s Myanmar Co.,Ltd ၊ Mogok Hair Co.,Ltd ၊ Biopro(Myanmar) Co.,Ltd ၊ Lucky Marine Products Co.,Ltd ၊ Min Gamani Co.,Ltd ၊ San Dara Aung Co.,Ltd ၊ RRR Non Woven Manufacture Co.,Ltd ၊ MMSM(Myawaddy) Co.,Ltd ၊ Zwe Tharaphu Co.,Ltd ၊ Hao Yuan Co.,Ltd ၊ Htoo Trading Co.,Ltd ၊ Rax Myanmar Co.,Ltd တို့ဖြစ်သည်။
#PAN