(မှုခင်း) ဧပြီ ၂၈
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိကျေးရွာ အနောက်ပိုင်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ယနေ့ နံနက် ၅ နာရီ ၁၀ မိနစ်အချိန်က ကရုပ္ပိကျေးရွာအနောက်ပိုင်းမှ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ရာ နေအိမ်၉လုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း ၊မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ သံဖြူမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီခွဲအချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၅ နာရီ ၄၀ မိနစ်အချိန်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှူကြောင့် မီးဘေးသင့် အိမ်ထောင်စု ၉ စု၊ အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၁၆ ဦးတို့ကို ကရုပ္ပိကျေးရွာ၊ ဓမ္မင်းဆိပ်ရှိ ရှင်ဥပဂုတ္တဓမ္မာရုံတွင် ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။




#PAN