လားရှိုးမြို့တွင် ရက် (၁၀၀) စီမံချက် ကွင်းဆင်းဆောင်ရွက်မှုနှင့် လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲ ကျင်းပ

(ပြည်တွင်း) ဧပြီ ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ တွင် ရက် (၁၀၀) စီမံချက်အကောင်အထည်ဖော်ရေး ကွင်းဆင်းဆောင်ရွက်မှုနှင့် လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲများကို ယနေ့ နံနက်ပိုင်းအတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲကို နံနက် ၉ နာရီခွဲ အချိန်တွင် လားရှိုးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမျိုးထွန်းနှင့်အတူ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးခင်အောင်ဆွေ၊ ဦးဌေးဝင်းလှိုင်၊ ဦးအောင်ကျော်ထွန်း၊ ဦးကျော်သိန်းအောင်၊ ဦးမောင်မောင်၊ ဒေါ်မြမြဆွေနှင့် ဒေါ်ခိုင်သန္တာထွေးတို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါရှင်းလင်းပွဲသို့ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များနှင့် ပြည်ခိုင်ဖြိုးပါတီဝင်များ စုစုပေါင်း (၂၈၀) ဦးခန့် တက်ရောက်ခဲ့ပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင် (၃) ရပ်အကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် လားရှိုးမြို့ အမှတ် (၇) ရပ်ကွက် အုပ်ချုပ်ရေးရုံးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ရက် (၁၀၀) စီမံချက် ကွင်းဆင်းဆောင်ရွက်နေမှုကို ကိုသွားရောက်ကြည့်ရှု့အားပေးခဲ့ကြပြီး သက်ဆိုင်ရာဌာနများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းကာ လိုအပ်သော ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။