အစ္စရေးနှင့် လက်ဘနွန်တို့အကြား ပထမဆုံးအကြိမ် တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်ရန် သဘောတူညီ

(နိုင်ငံတကာ) ဧပြီ ၁၃

     အစ္စရေးနှင့် လက်ဘနွန်နိုင်ငံတို့အကြား ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို လာမည့်အင်္ဂါနေ့တွင် စတင်ပြုလုပ်သွားရန် သဘောတူညီမှု ရရှိခဲ့ကြောင်း အစ္စရေးသံအမတ်ကြီး ယီဟီရယ် လိုက်တာ (Yechiel Leiter) က အတည်ပြုပြောကြားလိုက်သည်။

​     ဝါရှင်တန်ဒီစီရှိ အစ္စရေးသံအမတ်ကြီး လိုက်တာ နှင့် လက်ဘနွန်သံအမတ်ကြီး နာဒါ ဟာမက် မိုဝါ့ဒ် တို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ပထမဆုံးအကြိမ်အဖြစ် ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ် ဆွေးနွေးခဲ့ကြသည်။ အစ္စရေးနှင့် လက်ဘနွန်တို့အကြား တရား ဝင် သံတမန်ဆက်ဆံရေး မရှိခြင်းကြောင့် ယခုကဲ့သို့ ထိပ်သီးသံတ မန်များအကြား တိုက်ရိုက်ထိတွေ့မှုမှာ အလွန်ထူးခြား သော အခြေအနေတစ်ခု ဖြစ်သည်။

လာမည့်အင်္ဂါနေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာန၏ ကြီးကြပ်မှုအောက်၌ တရားဝင်ဆွေးနွေးပွဲများကို စတင်မည်ဖြစ်သည်။ အစ္စရေးဘက်က လက်ဘနွန်အစိုးရနှင့် ဆွေးနွေးရန် သဘောတူသော်လည်း “ဟစ်ဇ်ဘိုလာ” (Hezbollah) အဖွဲ့နှင့်မူ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် လုံးဝငြင်းဆိုထားသည်။

     ဟစ်ဇ်ဘိုလာနှင့် နီးစပ်သော လွှတ်တော်အမတ်များကမူ အစ္စရေးနှင့် တိုက်ရိုက်ဆွေးနွေးမှုကို လက်မခံကြောင်း ပြောကြားထားသဖြင့် ဆွေးနွေးပွဲရလဒ်အပေါ် စိန်ခေါ်မှုများ ရှိနေသည်။

​     အစ္စရေး၏ လက်ဘနွန်ကျူးကျော်စစ်အတွင်း လူပေါင်း ၂,၀၀၀ ကျော် သေဆုံးပြီး လူတစ်သန်းကျော် အိုးအိမ်စွန့်ခွာနေရချိန်တွင် ယခုဆွေးနွေးပွဲ ပေါ်ပေါက်လာခြင်းဖြစ်သည်။ အစ္စရေးသံအမတ်ကြီး လိုက်တာကမူ ဆီးရီးယားနှင့် လက်ဘနွန်တို့အပါအဝင် အာရပ်နိုင်ငံများနှင့် ဆက်ဆံရေးပုံမှန်ပြန်ဖြစ်လာနိုင်ခြေအပေါ် အပြုသဘောဆောင် ရှုမြင်ကြောင်း ပြောကြားထား သည်။ သို့သော် လေ့လာသုံးသပ်သူများကမူ မြေပြင်တွင် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်ရှိနေသရွေ့ ယခုဆွေးနွေးပွဲသည် အောင်မြင်ရန် ခဲယဉ်းနိုင်ကြောင်း သတိပေးထားကြပါသည်။

​#IsraelLebanonTalks #YechielLeiter #MiddleEastDiplomacy #PeaceNegotiations #BreakingNews #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN