အီရန်စစ်ပွဲအတွင်း အစ္စရေးနှင့် လက်ဘနွန်တို့ ဝါရှင်တန်ဒီစီ၌ ရှားပါးသော ဆွေးနွေးပွဲများ ပြုလုပ်

(နိုင်ငံတကာ) ဧပြီ ၁၅

     ​အရှေ့အလယ်ပိုင်းဒေသတွင် စစ်ရေးတင်းမာမှုများ မြင့်တက်နေစဉ်အတွင်း အစ္စရေးနှင့် လက်ဘနွန်အရာရှိများသည် ၁၉၈၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဝါရှင်တန်ဒီစီ၌ တိုက်ရိုက်တွေ့ဆုံဆွေး နွေးခဲ့ကြကြောင်း သိရသည်။

​     အင်္ဂါနေ့က ပြုလုပ်ခဲ့သည့် အဆိုပါရှားပါးဆွေးနွေးပွဲကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခဲ့ခြင်းဖြစ်ပြီး နှစ်နာရီကျော်ကြာ ဆွေးနွေးခဲ့ကြသည်။ နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက ယခုဆွေးနွေးပွဲသည် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည့် ရှုပ်ထွေးသော သမိုင်းကြောင်းများကို ဖြေရှင်းရန် ကြိုးပမ်းမှုဖြစ်ပြီး တိုးတက်မှုရရှိရန် အချိန်ယူရဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

​     ဆွေးနွေးပွဲတွင် နှစ်ဖက်စလုံးသည် မတူညီသော ရပ်တည်ချက်များဖြင့် တက်ရောက်ခဲ့ကြသည်။ အစ္စရေးက လက်ဘနွန်နှင့် အပစ်အခတ်ရပ်စဲရေးကို ဆွေးနွေးရန် ငြင်းဆိုခဲ့ပြီး ဟစ်ဇ်ဘိုလာများ လက်နက်ဖြုတ်သိမ်းရေးကိုသာ အဓိကထား ဖိအားပေးခဲ့သည်။ လက်ဘနွန်အနေဖြင့် နိုင်ငံအတွင်း လူပေါင်း ၂,၀၀၀ ကျော် သေဆုံးပြီး ၁ သန်းကျော် အိုးမဲ့အမဲ့ဖြစ်စေခဲ့သည့် စစ်ပွဲကို အမြန်ဆုံးအဆုံးသတ်ရန်နှင့် အပစ်အခတ်ရပ်စဲရန် တောင်းဆိုခဲ့သည်။

     ဆွေးနွေးပွဲအပြီးတွင် လက်ဘနွန်သံအမတ်ကြီး နာဒါ ဟာမာဒေး မိုဝါဒ်က “အပြုသဘောဆောင်သော ဆွေးနွေးမှု” ဟု ဖော်ပြခဲ့သလို၊ အစ္စရေးသံအမတ်ကြီး ယက်ချီရယ် လိုက်တာကလည်း “အလွန်ကောင်းမွန် သော ဖလှယ်မှုတစ်ခု” ဟု ဆိုခဲ့ကာ ဟစ်ဇ်ဘိုလာများ အားနည်းသွားချိန်သည် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

​     သံတမန်ရေးအရ တွေ့ဆုံမှုများ ရှိနေသော်လည်း မြေပြင်တွင်မူ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။ ဟစ်ဇ်ဘိုလာအဖွဲ့သည် ယခုဆွေးနွေးပွဲကို ကန့်ကွက်ထားပြီး အစ္စရေးမြောက်ပိုင်းသို့ ဒုံးကျည်များဖြင့် ဆက်လက်တိုက်ခိုက်နေသလို၊ အစ္စရေးကလည်း လက်ဘနွန်တောင်ပိုင်းရှိ ကျေးရွာများကို မြေ လှန်ဗုံးကြဲမှုများ ပြုလုပ်နေသည်။

     လက်ရှိတွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်နှင့် နှစ်ပတ်ကြာ အပစ်ရပ်ထားသော်လည်း လက်ဘနွန်မှာမူ ယင်းအပစ်ရပ်စဲရေးတွင် ပါဝင်ခြင်းမရှိသေးသဖြင့် ဒေသတွင်းစစ်ပွဲ အရှိန်လျော့ကျသွားရန် မျှော်လင့် ချက် နည်းပါးနေဆဲ ဖြစ်ပါသည်။

​#Israel #Lebanon #MarcoRubio #WashingtonTalks #Hezbollah #MiddleEastWar #BreakingNews #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN