လေးကောင်ဂျင်လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ


(မှုခင်း) ဩဂုတ် ၂၁

ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၌ ဩဂုတ်လ ၁၈ ရက်နေ့က လေးကောင်ဂျင် လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၁၈ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် မိုးညိုမြို့နယ်၊ နှမ်းကုန်း ကျေးရွာနှင့် ခွက်မကျေးရွာကြားရှိ ကျွန်းစိုက်ခင်းအတွင်း၌ လေးကောင်ဂျင်လောင်းကစားဝိုင်း ပြုလုပ်နေကြောင်း သတင်းအရ သာယာဝတီခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

လက်ပံတန်းမြို့နယ်၊ ရွှေကြို့ပင်ကျေးရွာနေ ချစ်မင်းသူ၊ ၂၅ နှစ်ပါ အမျိုးသား ၁၀ ဦးအား လေးကောင်ဂျင်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများ၊ ဆိုင်ကယ်များနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ချစ်မင်းသူပါ ၁၀ ဦးအား ထိန်တောနယ်မြေရဲစခန်း (ပ)၁၇/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က)ဖြင့် အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

PAN