သံဖြူဇရပ်မြို့နယ်တွင် အထက်တန်းပြဆရာမ ၃ ဦးအား အကြမ်းဖက် KNU/PDF အဖွဲ့မှ ဖမ်းဆီး


(ပြည်တွင်း) သြဂုတ် ၁၅

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာအနီးတွင် အထက်တန်းပြ ဆရာမ ၃ ဦးအား အကြမ်းဖက် KNU/PDF အဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဩဂုတ်လ (၁၄)ရက် နံနက် ၇ နာရီအချိန်ခန့်တွင် အဆိုပါအထက်တန်းပြ ဆရာမ ၃ ဦးသည် ရေးမြို့နယ်မှ မော်လမြိုင်မြို့ဘက်သို့ မော်တော်ယာဉ်ဖြင့်သွားရောက်စဉ် အကြမ်းဖက် KNU/PDF အဖွဲ့ဝင်များက တားဆီးကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသည့် ဆရာမ ၃ ဦးသည် အ.ထ.က(လမိုင်း)မှ ဆရာမ ဒေါ်ဇာခြည်သော်၊ အ.ထ.က(မော့ကနင်)မှ ဆရာမ ဒေါ်ခင်လေးမွန် နှင့် အ.ထ.က(နှစ်ကရင်)မှ ဆရာမ ဒေါ်အင်ကြင်းဦး တို့ ဖြစ်ကြောင်းသိရပြီး ယခုအချိန်ထိ ၎င်းတို့နှင့်ဆက်သွယ်၍မရရှိသဖြင့် မိသားစုဝင်များနှင့် နီးစပ်သူများက စိုးရိမ်ပူပန်နေကြကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လကလည်း သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး အပါအဝင် ဆရာ/ဆရာမ (၅)ဦးကို အကြမ်းဖက် KNU/PDF အဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့ပြီး တစ်လအကြာမှ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

PAN