ပြည်ခိုင်ဖြိုးနဲ့ နိုင်ငံရေးပါတီတွေပူးပေါင်းပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်


(​ပြည်တွင်း) သြဂုတ် ၁၅

ပြည်ခိုင်ဖြိုးပါတီနဲ့ နိုင်ငံပါတီတွေပူးပေါင်းပြီး “ရွေးကောက်ပွဲဟာပြည်သူ့အတွက်” ဆိုတဲ့ခေါင်းစဥ်နဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုကို ရန်ကုန်မြို့က Sky Star ဟိုတယ်မှာ သြဂုတ် ၁၄ ရက်နေ့က ​ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာတော့ ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်း၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ နာယက ဒေါ်စိုးစိုးမြင့်၊ရခိုင်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးသိန်းကြည် တို့ကရှင်းလင်းပြောဆိုခဲ့ကြပါတယ်။

ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ရွေးကောက်ပွဲအရေးပါမှု၊ နိုင်ငံ​အ​​တွင်းကျင်းပခဲ့တဲ့ရွေးကောက်ပွဲများကို ရှင်းလင်းခဲ့သလို အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ နာယက ဒေါ်စိုးစိုးမြင့်ကလည်း ရွေးကောက်ပွဲမှာ ပြည်သူအားလုံးပါဝင်မှု၊ ရွေးကောက်ပွဲအတွက်တရားဥပဒေစိုးမိုးမှု၊ မီဒီယာပါဝင်မှု၊ ရွေးကောက်ပွဲနဲ့လုံခြုံရေးကိစ္စတွေကိုရှင်းလင်းပြောကြားပါတယ်။

ရခိုင်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် က အတိတ်ရဲ့အမှာတွေကိုသင်ခန်းစာယူကြဖို့၊ နိုင်ငံရေးတည်ငြိမ်မှုရှိဖို့၊ တိုင်းရင်းသားစည်းလုံးညီညွ​တ်​မှုရှိဖို့၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပေးထားချက်များ၊ ရွေးကောက်ပွဲမဖြစ်အောင်ဆောင်ရွက်ရင် ဖြစ်လာမယ့်အကျိုးဆက်များ၊ ရွေးကောက်ပွဲအလွန်ဖြစ်လာမယ့် အနာဂတ်၊ လူထုရဲ့ဆန္ဒကိုပါတီတွေအဖွဲ့အစည်းတွေက စဥ်းစားပေးဖို့ပြောဆိုခဲ့တာဖြစ်ပါတယ်။

အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးသိန်းကြည် က နိုင်ငံသား တိုင်းရင်းသား ပြည်သူအတွင်းကဆင်းသက်လာတဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းကြဖို့၊ လူထုရဲ့တာဝန်နဲ့ ရပိုင်ခွင့်ခွင့်၊ နိုငံရေးမှာပါဝင်နိုင်မှုရှိဖို့၊ တိုင်းပြည်ဆင်းရဲရတဲ့အကြောင်းအရင်းများ၊ ရွေးကောက်ပွဲရဲ့မဲတစ်ပြားဟာ တန်းတူညီမှု၊ ကန့်ကွက်မှုတွေရှိလည်း ရွေးကောက်ပွဲကို အောင်မြင်အောင် ဆောင်ရွက်ကြဖို့ လူတိုင်းပါဝင်ကြဖို့ ပြောဆိုခဲ့သလို မီဒီယာတွေရဲ့ မေးမြန်းမှုတွေကို ပြန်လည်ဖြေကြားခဲ့ကြပါတယ်။

ပြည်ခိုင်ဖြိုးပါတီနဲ့ နိုင်ငံရေးပါတီတွေပူးပေါင်းပြီး “ရွေးကောက်ပွဲဟာပြည်သူ့အတွက်” ဆိုတဲ့ခေါင်းစဥ်နဲ့ သတင်းစာရှင်းလင်းပွဲကို နိုင်ငံရေးပါတီ ၁၆ ပါတီက ဥက္ကဋ္ဌတွေနဲ့ တာဝန်ရှိသူတွေ၊ မီဒီယာတွေအပါအဝင် တက်ရောက်နားထောင်သူတွေ ၂၀၀ နီးပါးတကိရောက်ကြတာ်လို့ သိရပါတယ်။

PAN