မြောက်ဥက္ကလာပမြို့နယ်ရုံးလောင်ချာနဲ့ပစ်ခံရတယ်ဆိုတာ သတင်းမှားလို့ ​ပြည်ခိုင်ဖြိုးပြော

(ပြည်တွင်း) ဇူလိုင် ၁၂

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၊ ခေမာသီလမ်းမ၊ ရုံးသစ်မှတ်တိုင်နားမှာရှိတဲ့ ကြံ့ခိုင်ရေးရုံး ၄၀ မမ ဗုံးသီး ၂ လုံးနဲ့ပစ်ခံရတယ်ဆိုတဲ့သတင်းဟာ သတင်းမှားဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီကပြောပါတယ်။

ပြည်ပအခြေစိုက်သတင်းဌာနတစ်ခုဖြစ်တဲ့ DVB သတင်းဌာနက မြောက်ဥက္ကလာပမြို့နယ်ရုံးကို ဇူလိုင် ၁၂ ရက်နေ့ ည ၁၀ နာရီ ၅ မိနစ်လောက်မှာ Yangon Army နဲ့ အနောက်ပိုင်းခရိုင် ပကဖပူးပေါင်းအဖွဲ့က M79 လောင်ချာ ၄၀ မမ ဗုံးသီး ၂ လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ရေးသားဖော်ပြမှုနဲ့ပတ်သက်ပြီး ပြည်ခိုင်ဖြိုးက ငြင်းဆိုလိုက်တာဖြစ်ပါတယ်။

“ကျွန်တော်တို့သတင်းအမှားဆိုတာအတည်ပြုပြီးပါပြီး အဲ့ဒီဖြစ်စဥ်မရှိခဲ့ပါဘူး။ ဒါဟာ ရွေးကောက်ပွဲနီးလာတာကြောင့် သတင်းမှားတွေနဲ့ ထိုးနှက်လာတာလို့ပဲ ပြောလိုပါတယ်လို့ ပါတီပြောရေးဆိုခွင့်ရ ဦးသိန်းထွန်းဦးက PAN ကိုပြောပါတယ်။

DVB သတင်းရဲ့ဖော်ပြချက်မှာတော့ မြောက်ဥက္ကလာပမြို့နယ်က ကြံ့ခိုင်ရေးရုံးကို ‌‌မနေ့ည ၁၀ နာရီ ၅ မိနစ်လောက်မှာ Yangon Army နဲ့ အနောက်ပိုင်းခရိုင် ပကဖပူးပေါင်းအဖွဲ့က M79 လောင်ချာ ၄၀ မမ ဗုံးသီး ၂ လုံးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး “ပစ်မှတ်အား ထိရောက်စွာပစ်ခတ်နိုင်ခဲ့တယ်လို့ Yangon Amry ရဲ့ပြောဆိုချက်နဲ့ ရေးသားထားတာဖြစ်ဖြစ်ပါတယ်။

ဒါအပြင် ပြည်သူ့ဆန္ဒမပါဘဲ ရွေးကောက်ပွဲပြုလုပ်ဖို့ လုပ်ဆောင်နေတာကြောင့် ခုလို ၄၀ ဗုံးသီး ၂ လုံးနဲ့ပစ်ခတ်ခဲ့တာ” လို့ ရေးသားထားတာဖြစ်ပါတယ်။

#PAN