(ပြည်တွင်း) ဇူလိုင် ၁၁
မန္တလေးငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သော Golden Country ဟိုတယ်အားဖယ်ရှားရှင်းလင်းရာမှ အမျိုးသမီးရုပ်အလောင်းနှစ်လောင်း ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

ယနေ့နံနက်၉နာရီ၄၅မိနစ်အချိန်ခန့်က ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးမျက်ရှင်ရပ်ကွက်၊၆၅ လမ်း၊၃၁×၃၂ လမ်းကြားရှိ Golden Country ဟိုတယ်အား တာဝန်ရှိသူများမှ အပျက်အစီးများ ဖယ်ရှားရှင်းလင်းခဲ့ရာ ၎င်းဟိုတယ်တွင် အလုပ်လုပ်ကိုင်နေရာမှ ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးစဥ် သေဆုံးခဲ့သော ဟိုတယ်ဝန်ထမ်းအမျိုးသမီးနှစ်၏ ရုပ်အလောင်းများတွေ့ရှိကြောင်းသိရသည်။

အဆိုပါ အမျိုးသမီးနှစ်ဦးမှာ မနွေးနွေးကို၊၂၈နှစ် ၊(ဘ)ဦးရွှေကို၊စာရင်းစစ်၊ဟိုတယ်ဝန်ထမ်း၊ကန်ထပ်ရွာ၊ရမည်းသင်းမြို့နယ်နေသူနှင့်မဂျုးဂျုး၊(ဘ)ဦးလေးဝေ ဟိုတယ်ဝန်ထမ်းတို့ ၂ဦး ၏ ရုပ်အလောင်းများဖြစ်ကြောင်း သိရသည်။

#PAN