ဟိုတယ်လုပ်ငန်းတွေ အမြန်ဆုံးပြန်လည် လည်ပတ်နိုင်အောင် ကူညီပံ့ပိုးပေးသွားမယ်

(စီးပွား​ရေး) ဇူလိုင် ၁၂


ဟိုတယ်လုပ်ငန်းများ အမြန်ဆုံးပြန်လည် လည်ပတ်နိုင်အောင် ကူညီပံ့ပိုးပေးသွားမယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း က ပြောပါတယ်။


ငလျင်ဒဏ်သင့်ခဲ့တဲ့ နေပြည်တော် ဟိုတယ်ဇုန်(၂)က ဟိုတယ်တွေက လုပ်ငန်းရှင်တွေ အထွေထွေမန်နေဂျာတွေ တာဝန်ရှိသူတွေကို ဇူလိုင်လ ၁၀ ရက် မနက်ပိုင်းက ပြောကြားခဲ့တာဖြစ်ပါတယ်။


ဟိုတယ်ဇုန်(၂)ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေတဲ့ အဆောက်အအုံတွေကို အမြန်ဆုံးဖယ်ရှား ရှင်းလင်းပြီး သတ်မှတ်ချက်တွေနဲ့အညီ ပြန်လည်တည်ဆောက်ပြုပြင်ခြင်း၊ ထိခိုက်ပျက်စီးမှုနည်းသော အပြာရောင် အဆင့် အဆောက်အအုံတွေကို ပြန်လည်ပြုပြင်မွမ်းမံပြီး ခရီးသွားရာသီကာလမှာ ခရီးသွားတွေ ပိုမိုဝင်ရောက်လာချိန် မတိုင်မီ အဆင်သင့်ဖြစ်နေစေဖို့ ကြိုတင်ပြင်ဆင်ရေးဆောင်ရွက်မှုတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဟိုတယ်လုပ်ငန်းရှင်တွေကလည်း ဟိုတယ်တွေရဲ့ ထိခိုက်ပျက်စီးဆုံးရှုံးမှု၊ ပျက်စီးတဲ့နေရာတွေဖယ်ရှားရှင်းလင်းထားရှိမှု၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေမှု၊ လုပ်ငန်းတွေပြန်လည်လည်ပတ်နေမှုနဲ့ တွေ့ကြုံရတဲ့အခက်အခဲတွေကို ရှင်းလင်းဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

#PAN