သံ၊ သံမဏိများအရည်အသွေးစစ်ဆေးရန် ဓာတ်ခွဲခန်းတည်ထောင်မည်


(ပြည်တွင်း) ဇူလိုင် ၇

ပြည်တွင်းမှာ ထုတ်လုပ်တဲ့ သံ၊ သံမဏိများနှင့် ပြည်ပမှတင်သွင်းလာတဲ့ သံ၊ သံမဏိများ၏ စံချိန်စံညွှန်း ထိန်းသိမ်းကြပ်မတ်စစ်ဆေးနိုင်ရန် ဓာတ်ခွဲခန်းတည်ထောင်သွား မည်ဟု စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းမှ ဇူလိုင်လ ၅ ရက်မွန်းလွဲပိုင်းက ရန်ကုန်မြို့မှာ ကျင်းပတဲ့ ဓာတ်ခွဲခန်းတည်ထောင်ရေး ညှိနှိုင်း အစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

ငလျင်အပြီး တုံ့ပြန်မှုအနေနဲ့ ပြည်တွင်းမှာ အသုံးပြုလျက်ရှိတဲ့ သံချောင်းလုံးနမူနာများကို အရည်အသွေး စမ်းသပ်စစ်ဆေးခြင်း၊ မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များ အသင်းနှင့်တွေ့ဆုံကာ သံမဏိမူဝါဒလမ်းပြမြေပုံ (Road Map) ရေးဆွဲရန် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စံချိန်စံညွှန်းထိန်းသိမ်းကြပ်မတ်စစ်ဆေးရန် သံမဏိစံချိန်စံညွှန်း ၃ ခုကို မဖြစ်မနေလိုက်နာရမည့် စံချိန်စံညွှန်း များအဖြစ် သတ်မှတ်နိုင်ရေးလုပ်ဆောင်နေကြပြီး စံချိန်စံညွှန်း များသတ်မှတ်ပြီးပါက အရည်အသွေးစစ်ဆေးနိုင်ရန် နိုင်ငံတကာအသိအမှတ်ပြု ဓာတ်ခွဲခန်းတစ်ခုတည်ထောင်မယ်လို့ ပြည်ထောင်ဝန်ကြီး ဒေါက်တာချာလီသန်း ပြောကြားခဲ့ပါတယ်။

ဒါကြောင့် ဓာတ်ခွဲခန်းတည်ထောင်ရန် သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ပညာရှင်များရဲ့ ပူးပေါင်းပါဝင်မှု၊ အကြံဉာဏ်များ၊ နည်းပညာဆိုင်ရာကူညီပံ့ပိုးမှုများက အရေးကြီး တဲ့အခန်းကဏ္ဍမှ ပါဝင်ကြောင်းပြောကြား ခဲ့ပါတယ်။

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတို့မှ ဥက္ကဋ္ဌများ၊ ပညာရှင်များက မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာစံချိန်စံညွှန်းလမ်းညွှန်ချက်များ ၂၀၂၅ (MNBC-2025) စာအုပ်များနှင့် soft copy များကို ပြည်ထောင်စုဝန်ကြီးထံ လွှဲပြောင်းပေးအပ်ခဲ့ကြ ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN