ရက်ပေါင်း ၆ဝ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အပေါ် အပြုသဘောဆောင်သည့် သဘောထားရှိကြောင်း ဟားမတ်စ် ပြောကြား


(နိုင်ငံတကာ) ဇူလိုင် ၇

ဂါဇာကမ်းမြောင်ဒေသ ရက်ပေါင်း ၆ဝ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အမေရိကန်၏အဆိုပြုချက်အပေါ် အခြေခံ၍ အစ္စရေးနှင့်ဆွေးနွေးမှုများ စတင်လုပ်ဆောင်ရန် အပြုသဘောဆောင်သည့် သဘောထားရှိကြောင်း ဟားမတ်စ် က ထုတ်ဖော်ပြောကြားသည်။

ဟားမတ်စ်အဖွဲ့က အမေရိကန်မှအဆိုပြုထားသော မူဘောင်ကို အကောင်အထည်ဖော်ရန်အတွက် ချက်ချင်းစေ့စပ်ညှိနှိုင်းမှုများပြုလုပ်ရန် ပြင်ဆင်ထားပြီး ကြားဝင်စေ့စပ် ညှိနှိုင်း သည့် နိုင်ငံများကိုလည်း အပြုသဘောဆောင်သောစိတ်ဓာတ်ဖြင့် တုံ့ပြန်ခဲ့ကြောင်း ၎င်း၏လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

အဆိုပါစေ့စပ်ညှိနှိုင်းခြင်းနှင့်ပတ်သက်ပြီး ဟားမတ်စ် က ပြုပြင်ပြောင်းလဲမှုအချို့ကို တောင်းဆိုခဲ့ ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။

အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အမေရိကန်၏အဆိုပြုချက်တွင် ဟားမတ်စ် အနေဖြင့် အသက်ရှင်နေသော ဓားစာခံ ၁၀ ဦးကို လွှတ်ပေးပြီး အလောင်း ၁၈ လောင်းအား အစ္စရေးသို့ ရက်ပေါင်း ၆၀ အတွင်း အဆင့်ဆင့် ပြန်ပေး ရန် တောင်းဆိုထားသည်။

ထို့ပြင် ပဋိပက္ခအဆုံးသတ်ရေးဆွေးနွေးပွဲများကို ယင်းကာလအတွင်း ကျင်းပမည် ဖြစ်ကြောင်းပါရှိသည်။ အပစ်အခတ်ရပ်စဲရေးဆိုင်ရာအခြေအနေများကို အစ္စရေး က လက်ခံထားပြီးဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့် က အစောပိုင်းတွင် ပြောကြားခဲ့သည်။

သို့သော် ယခုအပစ်အခတ် ရပ်စဲရေးမှ အပြီးတိုင်တိုက်ပွဲများအဆုံးသတ်သွားရန် အာမခံချက်ပေးရန် လိုအပ်ကြောင်း ဟားမတ်စ်က တောင်းဆိုသည်။ ဇန်နဝါရီလတွင် ဂါဇာဒေသ၌ ယာယီအပစ်အခတ် ရပ်စဲရေးပြုလုပ်ခဲ့သည်။

သို့သော် စေ့စပ်ညှိနှိုင်းမှု ရပ်တန့်သွား ပြီးနောက် မတ်လတွင် တိုက်ပွဲများ ပြန်လည် စတင်ခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသ၌ လက်ရှိအချိန်အထိ တိုက်ပွဲများအတွင်း သေဆုံးသူဦးရေမှာ ၅၇,၂၆၈ ဦး အထိရှိကြောင်း ဂါဇာရှိ ကျန်းမာရေးအရာရှိများက ပြောကြားသည်ဟု NHK သတင်းဌာန ဖော်ပြချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN