ရန်ကုန်ကနေ တာချီလိတ်ကိုပျံလာတဲ့ အဲသံလွင် လေယာဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ပြုတ်ကျခဲ့


(ပြည်တွင်း) ဇူလိုင် ၂

ရန်ကုန်ကနေ တာချီလိတ်ကို ပျံသန်းလာတဲ့ အဲသံလွင်လေကြောင်းလိုင်းက SP- 739 လေယာဉ်ရဲ့ ယာဘက်တောင်ပံနဲ့ ကိုယ်ထည်အားဆက်သွယ်ထားတဲ့ ၂ ပေခန့် flap ပြုတ်ကျခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂ ရက်နေ့ မနက်ပိုင်းကနေပျံသန်းလာတဲ့ ခရီသည် ၆၃ ဦးပါ အဲယားသံလွင်လေကြောင်းလိုင်းခရီးစဉ်အမှတ် 6T 729(XY-AIN) ဟာ တာချီလိတ်မြို့ကို မနက် ၁၀ မိနစ် ၅၀ အချိန်ခန့်ကရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

“တာချီလိတ်လေဆိပ်ရောက်တော့ လေယာဉ်မှူးကလေယာဉ်ကို စစ်ဆေးတော့ လေယာဉ်ရဲ့ ယာဘက်တောင်ပံနဲ့ကိုယ်ထည်ကိုဆက်သွယ်ထားတဲ့( flap) ၂ ပေပတ်လည်ခန့် သည်ပြုတ်ကျနေလို့ ခေတ္တရပ်နားထားပြီး ရန်ကုန်လေဆိပ်ကနေအပိုပစ္စည်း မှာယူထားတယ်”လို့ လေဆိပ်အသိုင်းအဝိုင်းထံက သိရပါတယ်။

ရန်ကုန် – တာချီလိတ် – မန္တလေးပျံသန်းမယ့် အဲသံလွင်လေကြောင်းလိုင်းက လေယာဉ်ဟာ တာချီလိတ်လေယာဉ်ကွင်းကို ဆင်းသက်မှသာ လေယာဉ်ကိုယ်ထည်တချို့ ပြုတ်ကျခဲ့တာကို သိရှိခဲ့ရတဘ်လို့ ခရီးသည်တွေကပြောပါတယ်။

ပြည်တွင်းလေယာဉ်စီးခရီးသည်တစ်ချို့ကတော့ “အရမ်းအန္တရာယ်များတယ်” လို့ မှတ်ချက်ပြုပြောဆိုနေကြသလို ဝေဖန်မှုတစ်ချို့လည်း ရှိနေကြတာဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN