နောင်ချိုမြို့ကိုမကြာခင် ပြန်လည်ထိန်းချုပ်နိုင်တော့မယ်လို့ ဒေသခံတွေပြောဆိုလိုက်တဲ့သတင်း


(ပြည်တွင်း) ဇူလိုင် ၂

တအောင်းလက်နက်ကိုင် TNLA က အဓမ္မဝင်ရောက်ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့အနီးကို တပ်တော်စစ်ကြောင်းတွေရောက်ရှိနေပြီး မကြာမီ မြို့ကို ပြန်လည်ထိန်းချုပ်နိုင်တော့မယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် နောင်ချို – ရပ်စောက်လမ်းပေါ်က မျက်ချင်းနုရွာ၊ နောင်ဩရွာ၊ မန္တလေး – မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ ဘန့်ဘွေး၊ ရေဝင်၊ ရွှေညောင်ပင်၊ ကျောက်ကြမ်း၊ သဖန်းကိုင်း အထိစစ်ကြောင်းတွေရောက်ရှိနေတယ်လို့ သိရပါတယ်။

တပ်မတော် စစ်ကြောင်းတွေဟာ ၆၀၆ တပ်ကျော်ကာ သပြေတောင် သံသရာအေးဘုရားကုန်းကိုရောက်ရှိနေပြီး မြို့ထဲရောက်ဖို့ ၆ မိုင်လောက်သာရှိတော့တယ်လို့ ဒေသခံတွေကပြောပါတယ်။

နောင်ချိုမြို့ကို တပ်မတော်စစ်ကြောင်းတွေနီးကပ်လာတာနဲ့အမျှ အကြမ်းဖက်အဖွဲ့တွေဟာ ရပ်ကွက်တစ်ချို့ကို မီးရှို့နေပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလည်း သပြေရပ်ကွက်ကိုမှးရှို့ခဲ့ကြတယ်လို့ သိရပါတယ်။

နောင်ချိုမြို့ကို ပြင်ဦးလွင် အုမ္မသီး အုမ္မခါး၊ ရပ်စောက် တောင်ခမ်း၊ ဒုတ္တဝတီ ရွှေမုဌော ဘက်ကနေ ဝင်ရောက်လာတာတဲ့ စစ်ကြောင်းတွေကို ကစထမှူးတစ်ဦးစီးနေပြီး ပြည်ထောင်စုလမ်းမကြီးဘက် နောင်ချိုကို ဆိုင်ကယ်စီးရင် ၁၀ မိနစ်လောက်နဲ့‌ ရောက်နိုင်တဲ့ အကွာအဝေးမှာ ရောက်နေပြီ” လို့သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN