(ပြည်တွင်း ) ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ရွေးမြစ်အတွင်းပြေးဆွဲနေတဲ့ စကလှေတစ်စီး ဒီနေ့ မနက် ၁၁ အချိန်က ရေဝင်နစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

လပွတ္တာမြို့နယ်၊ ရွေးမြစ်အတွင်း ဂုံညှင်းတန်းမှ လပွတ္တာကိုပြေးဆွဲနေတဲ့ ရွှေဝါထွန်း(ချွန်း)အမျိုးအစား စက်လှေဟာ စက်လှေဖင်ပိုင်းပေါက်ပြီး ရေတွေစိမ့်ဝင်ကာ နစ်မြုပ်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့တဲ့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

စက်လှေနစ်မြုပ်နေတဲ့သတင်းရရှိတာကြောင့် လပွတ္တာခရိုင်မီးသတ်စခန်းက သန္ဓေနဲ့အရန်မီးသတ်တပ်ဖွဲ့ဝင်တွေဟာ သက်ဆိုင်ရာအဖွဲ့အစည်းတွေပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုအလျင်အမြန်သွားရောက်ကူညီဆောင်ရွက်ပေးနိုင်ခဲ့တာကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဘူးလို့ သိရပါတယ်။

#PAN