ဟားဗက်တက္ကသိုလ်မှာ နိုင်ငံခြားသားကျောင်းသားတွေတက်ရောက်ခွင့် ပိတ်ပင်


(နိုင်ငံတကာ) မေလ ၂၃

ထရမ့်အစိုးရက ဟားဗက်တက္ကသိုလ်မှာ နိုင်ငံခြားသားကျောင်းသားတွေတက်ရောက်ခွင့်ပြုခြင်းကို ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

အစိုးရက‌ တောင်းဆိုခဲ့တဲ့ နိုင်ငံတကာကျောင်းသား၊ ကျောင်းသူတွေရဲ့ အကျင့်စာရိတ္တ မှတ်တမ်းကို လွှဲပြောင်းပေးဖို့ တက္ကသိုလ်ဘက်က ငြင်းဆန်ခဲ့တဲ့အတွက် အစိုးရက တုံပြန်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

၂၀၂၅-၂၆ ပညာသင်နှစ်က စပြီး နိုင်ငံခြားသားကျောင်းသားတွေကို လက်ခံသင်ကြားပေးနိုင်မှာ မဟုတ်တော့ပါဘူးလို့ သိရပါတယ်။

လက်ရှိတက်ရောက်နေဆဲ ကျောင်းသားတွေကိုလည်း လာမယ့်ပညာသင်နှစ်မတိုင်ခင်မှာ တရားဝင်ဆက်လက်နေထိုင်ခွင့်အတွက် ပြောင်းလဲရမှာဖြစ်ပြီး အဲလိုမလုပ်ဆောင်ခဲ့ရင် နေထိုင်ခွင့်ဆုံးရှုးလိမ့်မယ်လို့လည်း အမေရိကန်ပြည်ထောင်စု အမိမြေလုံခြုံရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN